မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၂၀

130 2 0
                                    

မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၂၀

Writer - SaungAngel ( Author _ M )

ဦးဘုန်းထက်နိုင်လည်းချိန်းဆိုထားတဲ့နေရာရောက်တော့ကားကိုရပ်လိုက်ပြီးတာနဲ့သူလည်းကားပေါ်ကနေဆင်းလိုက်သလိုအန်ကယ်ဦးမင်းခန့်လွင်လည်းသူ့ကားပေါ်ကနေဆင်းလိုက်လေသည်။
ထို့နောက်ဦးဘုန်းထက်နိုင်လည်းအန်ကယ်ဦးမင်းခန့်
လွင်နဲ့အတူတူဆောက်လက်စအဆောက်အအုံကြီး
တစ်ခုအတွင်းသို့ဝင်လာလိုက်ကြတော့
ဦးဘုန်းထက်နိုင်လည်းလက်ပြန်
ကြိုးတုပ်ခံထားရတဲ့သူ့အဖေသူ့ညီအာကာရဲ့ခေါင်းကို
သေနတ်ဖြင့်ချိန်ထားတာကိုမြင်လိုက်ရတော့သူလည်း
ဒေါသအလွန်ထွက်ကာ

    “ အဖေ…ဘာဖြစ်လို့ညီလေးအာကာကို
သေနတ်နဲ့ချိန်ထားပြန်တာလဲ”
    “လွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်လုံးလုံး
ကျွန်တော့်ကိုညီလေးအာကာရဲ့အနားမှာ
နေနေတာကိုတွေ့ရင်ညီလေးကိုသတ်ပစ်လိုက်မယ်ဆိုပြီးတော့အဖေအမြဲတမ်းကျွန်တော့်ကိုခြိမ်းခြောက်
ပြောဆိုနေလို့ကျွန်တော့်မှာအာကာအနားမှာနေ
ချင်တာတောင်နေခွင့်မရခဲ့ဘူး”
    “ ညီလေးအာကာကျွန်တော့်အနားကိုလာရင်
တောင်ကျွန်တော့်မှာသူ့ကိုပွေ့ဖက်ထားပေးချင်ပေမယ့်လဲအဖေသာမြင်သွားရင်သူ့ကိုသတ်ပစ်လိုက်မှာကို
ကြောက်တဲ့စိတ်နဲ့သူ့ကိုမချစ်ဟန်ဆောင်နေနေခဲ့ရတဲ့
ကျွန်တော့်ဘဝကိုကျွန်တော်အရမ်းမုန်းတယ်”
   “ နောက်ပြီးတော့ညီလေးအာကာလည်းအဖေ့သားအရင်းပဲလေဗျာ…ဒီအနှစ်နှစ်ဆယ်လုံးလုံးကျွန်တော့်ကိုခိုင်းစရာတစ်ခုခုရှိရင်တစ်ချိန်လုံးညီလေးရဲ့အ
သက်နဲ့ပဲခြိမ်းခြောက်နေရတာကိုအဖေတော်တော်
လေးကိုပျော်နေတာလား”
    “ အခုလည်းကျွန်တော့်ကိုဘာတွေလုပ်ခိုင်းအုံးမှာမို့လို့အဖေအာကာရဲ့ခေါင်းကိုသေနတ်နဲ့ချိန်ထား
ရပြန်တာလဲ”
    “ စီးပွားရေးတွက်တွက်တတ်တဲ့အဖေ့အတွက်
ကျွန်တော်ဘာတွေထပ်လုပ်ပေးရအုံးမှာ…ပြောလေ
…ပြောလေဗျာ…”

သူလည်းဒေါသထွက်ထွက်နဲ့သူ့အဖေကိုအော်ကာ
ပြောလိုက်လေသည်။

ဦးထက်နိုင်ကျော်လည်းဒေါသတအားထွက်နေတဲ့
သူ့သားဘုန်းထက်နိုင်ကို

မာနမင်းသမီးလေးရဲ့ချစ်သူWhere stories live. Discover now