မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၀

115 5 0
                                    

မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၀

Writer - SaungAngel ( Author _ M )

       “ ဦးဘုန်းထက်နိုင်…ဘာဖြစ်လို့မစားတော့တာ
လဲဟင်”

ဟုပြောပြီးတော့ဆန်ပြုတ်ဇွန်းကိုင်ကာစောင့်နေသည့်
ကြယ်စင်ကို

     “ ဆောရီးပါကြယ်စင်၊ကျွန်တော်ကအတွေး
လွန်သွားလို့ပါဗျာ”

ဟုပြောလိုက်ပြီးတော့ဦးဘုန်းထက်နိုင်ကသူမလေးက
ကိုင်ထားပေးသောဆန်ပြုတ်ကိုသောက်လိုက်လေသည်။

ကြယ်စင်ကသူ့ကိုကြက်သားကြော်ကိုပါဇွန်းဖြင့်
ခပ်ကျွေးလိုက်ဆန်ပြုတ်ကိုခပ်တိုက်လိုက်လုပ်ပေးနေ
သောကြောင့်ဦးဘုန်းထက်နိုင်ကစိတ်ထဲမှာအပျော်ကြီး
ပျော်နေမိလေသည်။

      “ ဦးဘုန်းထက်နိုင်…ဆန်ပြုတ်ကကုန်သွားပြီး
ဆိုတော့ကြယ်စင်ကသွားထပ်ယူလိုက်အုံးမယ်နော်”

ဟုပြောကာထိုင်ရာမှထလိုက်ပြီးတော့သူ့အနားကနေ
ထွက်သွားဖို့ခြေလှမ်းပြင်လိုက်သည့်ကြယ်စင်ကို

     “ ကြယ်စင်…ဆန်ပြုတ်ကိုသွားထပ်မယူပါနဲ့တော့၊
ကျွန်တော်ကစားလို့ဝပါပြီဗျာ”

ဟုဦးဘုန်းထက်နိုင်ကပြောလိုက်လေသည်။

    “ အဲဒါဆိုရင်ဦးဘုန်းထက်နိုင်ကသောက်ရမယ့်
ဆေးတွေကိုကြယ်စင်ကသွားယူလိုက်အုံးမယ်နော်”

ဟုပြောကာကြယ်စင်ကစားပွဲပေါ်မှာတင်ထားသည့်
အဖျားကျဆေးကိုယူပြီးတော့ဖန်ခွက်မှာရေသန့်ထည့်
ကာဦးဘုန်းထက်နိုင်ဆီကိုယူလာပေးလိုက်လေသည်။

ဦးဘုန်းထက်နိုင်ကဆေးကိုသောက်လိုက်ပြီးတော့
ကုတင်ပေါ်မှာဆင်းဖို့အလုပ်ရုတ်တရက်မိုက်ခနဲဖြစ်
သွားပြီးတော့ယိုင်ကာလဲကျခါနီးဖြစ်သွားရလေသည်။ကြယ်စင်ကလည်းဦးဘုန်းထက်၏ကိုယ်လေးကိုသူ့လက်နှစ်ဖက်ဖြင့်ထိန်းပေးလိုက်ရသည့်အတွက်သူတို့နှစ်ဦး၏မျက်နှာကနီးကပ်သွားရလေသည်။သနပ်ခါးပါးကွက်ကြားလေးကိုလိမ်းထားသည့်ကြယ်စင်၏ချစ်စဖွယ်မျက်နှာလေးကိုအနီးကပ်မြင်လိုက်ရသည့်အတွက်
ဦးဘုန်းထက်နိုင်၏ရင်ခုန်သံတွေကမြန်လာခဲ့ရလေသည်။

မာနမင်းသမီးလေးရဲ့ချစ်သူWhere stories live. Discover now