မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၂

100 5 0
                                    

မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၂

Writer - SaungAngel ( Author - M )

ဦးဘုန်းထက်နိုင်လည်းဆေးရုံမှာမနေချင်လို့သာ
အိမ်ကိုပြန်လာရပေမယ့်နေလို့မသက်သာသေးသော
ကြောင့်ဆေးရုံကနေပြန်လာပြီးကတည်းကသူ့အိပ်ယာ
ပေါ်မှာပင်လှဲအိပ်နေရလေသည်။

    “ ဟူး…ဒီပုံစံအတိုင်းသာဆိုရင်မနက်ဖြန်ငါ့ဟိုတယ်
ဆယ်နှစ်ပြည့်အခမ်းအနားကိုတက်နိုင်ပါတော့မလား၊
မဖြစ်ဘူး…ဘုန်းထက်နိုင်၊မင်းအဲဒီလိုမျိုးအတွေးတွေး
လို့မဖြစ်ဘူး၊မင်းအလုပ်ကိုအောင်မြင်အောင်လုပ်နိုင်မှဝင်ငွေတွေအဆပေါင်းများစွာတိုးလာမှာလေ၊ဒါမှအမေနဲ့အာကာကိုရှာတွေ့တဲ့အခါကျရင်မင်းသူတို့ကိုလို
လေသေးမရှိထားပေးနိုင်မှာမဟုတ်လား၊အဲဒါကြောင့်မင်းကိုယ်မင်းအားတင်းထားရမယ်၊စိတ်လျော့
လိုက်လို့မဖြစ်ဘူး”

သူလည်းသူ့ကိုယ်သူအားပေးစကားပြောလိုက်ပြီးတော့
အိပ်နေရာမှအားတင်းကာထထိုင်လိုက်ပြီးတော့သူ့
ကုတင်အနားစားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကိုလှမ်းယူ
လိုက်လေသည်။ဦးဘုန်းထက်နိုင်လည်းသူ့ဟို
တယ်တာဝန်ခံဆီကိုမနက်ဖြန်အတွက်သေချာပြင်ဆင်
ထားရဲ့လားဆိုတာကိုမေးဖို့အတွက်သူ့ဖုန်းကိုလိုင်းပြန်
ဖွင့်လိုက်လေသည်။ဦးဘုန်းထက်နိုင်လည်းဖုန်းလိုင်း
ပွင့်တာနဲ့စာတွေတစ်စောင်ပြီးတစ်စောင်ဝင်လာတာကို
တွေ့လိုက်တော့သူလည်းထိုစာတွေကိုဝင်ဖတ်ဖို့အတွက်မက်ဆေ့ခ်ျကွက်ထဲဝင်ကြည့်လိုက်တော့

     “ ဦးဘုန်းထက်နိုင်…နေရတာသက်သာရဲ့လား”

     “ ဦးဘုန်းထက်နိုင်… နေရတာမသက်သာသေး
ရင်လဲအလုပ်တွေကိုမလုပ်ပဲနဲ့နားနေလိုက်အုံးနော်”

    “ ဦးဘုန်းထက်နိုင်…အလုပ်တွေကြီးပဲဖိလုပ်နေရင်
ရှင့်ကျန်းမာရေးကိုထိခိုက်လိမ့်မယ်”

      “ ဦးဘုန်းထက်နိုင်…နေပြန်ကောင်းသွားမှအလုပ်ပြန်လုပ်လို့မရဘူးလား၊ကြယ်စင်ရှင့်ကိုယ်ရေးကိုယ်တာကိုဝင်စွက်ဖက်တယ်လို့မထင်ပါနဲ့နော်”

     “ဦးဘုန်းထက်နိုင်…ကြယ်စင်ကိုတောင်းပန်ရင်းနဲ့အခုလိုမျိုးနေမကောင်းဖြစ်သွားရလို့ကြယ်စင်အရမ်းစိတ်မကောင်းဖြစ်ရပါတယ်”
    “အဲဒါကြောင့်ကြယ်စင်…ဦးဘုန်းထက်နိုင်ကို
တောင်းပန်ပါတယ်နော်”

မာနမင်းသမီးလေးရဲ့ချစ်သူWhere stories live. Discover now