မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၅
Writer - SaungAngel ( Author _ M )
ဦးဘုန်းထက်နိုင်လည်းရေမိုးချိုးအဝတ်အစားလဲ
လိုက်ပြီးတော့စိတ်ညစ်ညစ်နဲ့အိမ်အပြင်သို့
ထွက်လာခဲ့လေသည်။“ မင်းခန့်၊ငါကကားဂိတ်သွားရမှာမို့လို့
မင်းကငါ့နဲ့ခဏလိုက်ခဲ့ပေးရမယ်၊အဲဒါကြောင့်ငါ့ကား
ကိုရေဆေးနေတာနောက်မှလုပ်တော့၊မင်းကတခြားကားသွားယူလာခဲ့လိုက်၊ပြီးရင်သွားကြရအောင်”ဟုပြောလိုက်သောသခင်ကြီးကို
“ ဟုတ်ကဲ့ပါ သခင်ကြီး”
ဟုပြောလိုက်ပြီးသည်နှင့်ကားဂိုထောင်ရှိရာဆီသို့
လျှောက်လာခဲ့ရင်းက“ သခင်ကြီးကိုကြည့်ရတာတအားကိုစိတ်
ညစ်နေတဲ့ပုံပေါ်နေတယ်၊ဘာကိစ္စအတွက်နဲ့ကား
ဂိတ်ကိုသွားရတာပါလိမ့်”ဟုတွေးလိုက်ပြီးတော့ကားဂိုထောင်ရှေ့ရောက်တော့
ကားတစ်စီးကိုထုတ်ယူလိုက်ပြီးတော့ခြံရှေ့ဘက်သို့
မောင်းထွက်လာခဲ့လိုက်လေသည်။ခြံရှေ့ဘက်ကိုရောက်တော့ကားကိုရပ်လိုက်ပြီးတော့
မင်းခန့်ကကားပေါ်မှဆင်းဖို့အလုပ်“ မဆင်းလာနဲ့တော့၊ငါ့ဘာသာငါပဲဖွင့်ယူ
မယ်"ဟုပြောပြီးတော့ဦးဘုန်းထက်နိုင်လည်းကားတံခါး
ကိုဖွင့်ပြီးတော့ကားပေါ်သို့တက်ကာဝင်ထိုင်
လိုက်လေသည်။သခင်ကြီးကကားပေါ်သို့တက်လိုက်ပြီဖြစ်
သောကြောင့်မင်းခန့်လည်းကားကိုမောင်းလိုက်ပြီး
တော့ရွှေနံ့သာစံအိမ်ထဲမှထွက်လာခဲ့လိုက်ပြီးတော့
ကားဂိတ်ရှိရာသို့မောင်းလာခဲ့လိုက်လေသည်။
….................................................
ကားဂိတ်ကိုရောက်တော့ဦးဘုန်းထက်နိုင်က
ကားပေါ်မှဆင်းလိုက်ပြီးတော့“ အဖေကတော့လေ အဲဒီမိန်းကလေးက
ဘယ်လိုပုံစံလဲဆိုတာကိုတော့မပြောပဲနဲ့ငါ့ကို
လာကြိုခိုင်းတော့ဒီလောက်လူတွေအများကြီးထဲမှာ
ဘယ်လိုလုပ်ပြီးတော့ရှာရမှာလဲကွာ၊စိတ်ရှုပ်ဖို့
ကောင်းလိုက်တာ”