မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၉

127 2 0
                                    

မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၉

Writer - SaungAngel ( Author _ M )

ပွင့်ဖူးခင်လည်းအမေ့အနားမှာနေချင်ပေမယ့်ဘယ်လိုပြောရမှန်းမသိဖြစ်နေတဲ့အတွက်ကြောင့်အမေ့
မျက်နှာကိုသာကြည့်ရင်းသူလည်းဆိတ်ဆိတ်သာနေ
နေမိလေသည်။

ကြယ်စင်လည်းသူ့အစ်မဖြစ်သူအမေ့မျက်နှာကိုကြည့်
ပြီးတော့တစ်ခုခုပြောချင်နေတာကိုရိပ်မိတဲ့အတွက်
ကြောင့်ဦးဘုန်းအနားကနေထလာလိုက်ပြီးတော့သူ့အမေအနားကိုသွားကာထိုင်လိုက်ကာ

     “ အမေ…ကြယ်စင်လေဒီညကနေစပြီးတော့
အဖေရယ်…အမေရယ်…မမရယ်နဲ့အတူတူဒီအိမ်ကြီးထဲမှာနေချင်တာမို့လို့အမေကြယ်စင်တောင်းဆိုတာကိုခွင့်ပြုပေးပါနော်…အမေနော်လို့…အမေခွင့်ပြုပေးပါ
နော်”

ဒေါ်သက်သခင်လည်းဘယ်အချိန်ကြည့်ကြည့်သူ့အ
တွက်အလွန်ချစ်စရာကောင်းလွန်းလှတဲ့သမီးငယ်
လေးရဲ့မျက်နှာအမူအရာလေးကြောင့်သူလည်းပြုံးရင်း
ခေါင်းညိတ်ပြလိုက်ပြီးတော့မှသူ့အနားကပ်လျက်မှာထိုင်နေတဲ့သမီးကြီးဖြစ်သူရဲ့လက်ကလေးကိုဆုပ်ကိုင်
ထားလိုက်ရင်းမှ

    “ သမီးကြီးပွင့်ဖူး…ဒီနေ့ညကစပြီးတော့အမေနဲ့အတူတူဒီအိမ်ကြီးမှာလာနေပေးပါနော်”
    “ အမေလည်းဒီနှစ်တွေအတွင်းမှာအမေ့သမီးကြီးအပေါ်မှာလစ်ဟာခဲ့မိတဲ့မိခင်တာဝန်ကိုပြန်ပြီးတော့ဖြည့်ဆည်းပေးချင်လို့ပါသမီးရယ်”
   “ အဲဒါကြောင့်အမေနဲ့အတူတူနေပေးမယ်မ
ဟုတ်လားဟင်”

ပွင့်ဖူးခင်လည်းသူ့ကိုမေးနေတဲ့အမေရဲ့စကားများကြောင့်သူမျက်ဝန်းမှမျက်ရည်များကျလာမှုနဲ့အတူသူလည်းအမေ့ကိုဖက်ထားလိုက်ပြီးတော့

    “ အမေ…သမီးလေအမေ့ကိုလွမ်းတိုင်းအမေ့ဓာတ်ပုံလေးကိုကြည့်ပြီးတော့အမေ့ကိုအမြဲတမ်း
လွမ်းနေခဲ့ရတဲ့သူပါ”
    “ အခုလိုအမေသမီးကိုအမေ့နဲ့အတူတူနေခွင့်ပေးမှတော့သမီးအမေ့အနားမှာတစ်သက်လုံးနေပါ့
မယ်အမေရယ်”

သူလည်းသူ့အမေကိုဖက်ထားရင်းမှသူ့ရင်ထဲကစကား
များကိုပြောလိုက်လေသည်။

မာနမင်းသမီးလေးရဲ့ချစ်သူDonde viven las historias. Descúbrelo ahora