The Blood Vessels 2

6.5K 528 71
                                    

Chapter   2

...............    ................

ကျင်းရီ ခေါ်ဆောင်ရာ သုတေသနဓာတ်ခွဲအခန်းထဲ ၀င်လိုက်တော့...

ပရိုဂျက်တာ ဖွင့်ပီး စာတန်းဖတ်ပြနေရာက နေ ရပ်တန့်သွားပီ အကုန်လုံးက သူ့ကိုလှမ်းကြည့်လာတာ...

အခန်းထဲမှာ ပါမေက္ခချုပ် လန်ရှီးချန်ကိုလဲ ရောက်နေတာပဲ..  ပီးတော့ တခြား သုတေသနဒေါက်တာတွေကောပေါ့...

"ရောက်ပီလား ဒေါတ်တာရှောင်!"

စကားပြောရင် အမြဲတမ်း အပြုံးလေးနက့် ချိုသာစွာ ပြောဆိုတက်တဲ့ လန်ရှီချန်က နှုတ်ဆက်လေတာမို့.. အလျှင်အမြန်ပဲ ခါးညွှန့်အရိုအသေပြုကာ...

"ဟုတ်ကဲ့.. ပါမေက္ခချုပ်.. "

"ကဲ .. ခုဏက ကိစ္စ ဆက်ပြောပါဦး စစ်ကျွေး.."

လန်ရှီးချန်ရဲ့ စကားအဆုံးမှာ ရှင်းပြလက်စ စာတန်းကို စစ်ကျွေးက ဆက်ဖတ်ပြတယ်... ရှောင်ကျန့်က တော့ သူ့အတွက်လွှတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်ပီး... စစ်ကျွေးရှင်းပြတာကို နားထောင်နေလိုက်တယ်...

"ဟုတ်ကဲ့.. အခုဆို ကျွန်တော် တို့လိုက်နေတဲ့.. သတင်းအရ .လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀လောက်က . လန်မြို့ဟောင်းဆိုတာ အမှန်တကယ်ရှိခဲ့ပီး.. မြို့ဟောင်းတည်ရှိရာနေရာက..ယခု လက်ရှိ ####### မြို့ ဖြစ်ပါတယ်... စုံစမ်းရတဲ့အထောက်အထားတွေအရ ကော.. ကျွန်တော်တို့ရဲ့ ရှာဖွေတူးဖော်ရေး အဖွဲ့က ပြောစကားအရ .. လန်မငိးကြီးရဲ့ ကြင်ယာတော်ရဲ့ အလောင်းကို မြှပ်နှံထားတဲ့ နေရာကို အရင်သိခဲ့ရတာပါ.."

"နေပါဦး.. အဲ့တာက ဒဏ္ဏရီ ပဲ ကြားထားတာ နဂါးမြို့တော်လန်မြို့ဟောင်းလေ.. "

စစ်ကျွေးရှင်းပြနေရင်းနက့် ကြားဖြတ် အသံထွက်လာတော့ ရှောင်ကျန့်လှမ်းကြည့်မိတယ်.. သူတခါမှလဲ မမြင်ဖူးတဲ့သူပဲ.. ဒီအခန်းထဲထိရောက်နေတာဆိုတော့ သူက ပါမေက္ခအသစ်ထင်ရဲ့...

"ဟုတ်ပါတယ်.. ဒီမြို့ဟောင်းအကြောင်းကို ဒေါက်တာရှောင် က လိုက်စုံစမ်းနေတာကြာပါပီ.. ဒီမြို့ကိုသာ ပြန်တူးဖော်နိုင်မယ်ဆိုရင် အရင် တရုတ်လူမျိုးတွေနက့် နဂါးတွေ တကယ်အဆက်အသွယ်ရှိခဲ့တာကို ထောက်ပြလို့ရမယ်... ပြီးတော့..."

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now