The Blood Vessels 12

3.7K 357 27
                                    

Chapter  12

စံအိမ်တော်ဧည့်ခန်းမှာ ချန်ချင် ခေါက်တုံန့် ခေါက်ပြန် လမ်းလျှောက်နေမိသည်။...

ဝေ့ရင်းလူဝင်စား တစ်ဖြစ်လဲ ရှောင်းကျန့်ကို လန်ကျန့်နက့် ဘယ်လို ပေးတွေ့ရမလဲ ဆိုတဲ့ ကိစ္စကြောင့်

သူ့မှာ မထွက်တဲ့ ဥာဏ်နီ ဥာဏ်နက့် ဥာဏ်ကာလာစုံ ထုတ်သုံးနေရလေသည်မို့... ခေါင်းတွေတောင် ခြောက်လာသလိုပင်။..

"ဟင်း..."

သက်ပြင်းရှည် တချက်ဆွဲရင်း ဧည့်ခန့်က ဆိုဖာမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ကာ..
ကိုယ့်ကို ကိုယ်ခဏအနားပေးလိုက်၏။...

ဧည့်ခန်းက ဖွင့်ထားတဲ့ Tvမှာလဲ သတင်း တွေကို တောက်လျောက်ကြောငြာသံကို ချန်ချင် ဂရုမစိုက်နိုင်..

..... ကြင်ယာတော်ရဲ့အုတ်ဂူကို တူးဖော်တဲ့ချိန် .....
..... အရမ်းလှပတဲ့ ပန်းချီလက်ရာ .....
..... အုတ်ဂူပေါ်က ဆာကူရာ .....

Tv - ဟုတ်ကဲ့ ဦးဆောင်သူဒေါက်တာရှောင်အနေနက့် ဒီလို သမိုင်းဝင်ပစ္စည်းတွေကို ရှေ့လျောက်ဘယ်လို များဆက်လက်ထိန်းသိမ်း ဖို့စီစဉ်ထားပါသလဲ...

ရှောင်းကျန့် - လိုအပ်တဲ့သုတေသနတွေပြုလုပ်ပီးရင် ဒါတွေအကုန်လုံးက သမိုင်းဝင်ပြတိုက်မှာ ထိန်းသိမ်းရမှာပါ.. နှစ်ရာစု တွေ ချီပီးတည်ရှိနေတဲ့ ဒီ ကြင်ယာတော်အုတ်ဂူပေါ်က အုတ်ထွင်းစာတွေ ပန်းချီလက်ရာတွေက နိုင်ငံအတွက်တော့ သုတေသန အသစ်လို့ပဲပြောရမှာပေါ့..

Tv- ဟုကဲ့ နောက်ဆုံး အနေနာက့် မေးချင်တာက ကြင်ယာတော်အုတ်ဂူမှာ မသေဆေးရှိတယ်ဆိုတဲ့ ကောလဟာလ ကတကယ်...

ရှောင်းကျန့် - ကောလဟာလက ကောလဟာလပါပဲ.. ကျေးဇူးတင်ပါတယ် ကျွန်တော်အလုပ်လေးရှိသေးလို့..

......................

သတင်းကြေငြာသူနက့်ရှောင်းကျန့်ရဲ့အမေးအဖြေကို နားထောင်ပီး ချန်ချင် နည်းနည်းစိတ်လေသွားသည်...

လန်ကျန့်နက့် ဝေ့ရင်းကို ပေးတွေ့ဖို့ကိစ္စက ထင်သလောက်မလွယ်...
ရာထူး အခြေအနေကလဲ မိုးနက့်မြေ.. ကျင်လည်တဲ့ပတ်ဝန်းကျင်ကလဲ တခြားစီ...

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now