Chapter 15.1
............ .............
လျို့ဝှက်ခန်း ထဲသို့ ၀င်ဝင်ခြင်း မြင်တွေ့လိုက်ရတဲ့အရာကြောင့် လန်ရှီးချန် ကော ရှောင်းကျန့်ပါ အံ့သြမိသည်။
လျို့ဝှက်ခန်းတခုလုံးတွင် အပြင်လျှပ်စစ်မီး မရှိပဲ ဖယောင်းတိုင်များနှင့် နံရံကပ် မီးတုတ် များသာ ထွန်းထားသည့်အပြင်.. အခန်းအလည်တွင်လည်း အနီရောင် စည်းဝိုင်းကြီး တခုကို အင်းကွက်ချကာသေချာရေးဆွဲထားသည်။..
ထိုလောက်ထိက ရှောင်းကျန့်ကို အံ့သြစေသည်မဟုတ်ပဲ.. တကယ့်အံ့သြရသည့်အကြောင်းကာ ထိုစည်းဝိုင်း အလယ်တွင် အပေါ်အကျီ် ဗလာ.. အောက်ဘက်တွင်တော့ စတိုင်ပင်အနက်တစ်ထည်သာဝတ်ထားပီး.. မျက်လုံး အစုံကိုမှိတ်ချကာ တင်ပျင်ခွေထိုင်နေသော သမ္မတကြောင့်ဖြစ်သည်။...
လန်ရှီးချန် အတွက်ကတော့ အရာရာအံ့သြစရာ လျို့ဝှက်ခန်း ထဲဝင် အစီရင်လုပ်ထားတဲ့စည်းဝိုင်းနက့် ထို စည်းဝိုင်းမှာ ထိုင်နေတဲ့ သမ္မတ၀မ်ရိပေါ် ပီးတော့ စည်းဝိုင်းအပြင်မှာ ရပ်နေတဲ့ ၀န်ကြီးချုပ်ချန်... ဘာ.ဘာတွေဖြစ်နေတာလဲ လို့သာ ကုန်အော်ပစ်လိုက်ချင်ပေမယ့်.. ၀န်ကြီးချုပ်က သူ့ကို သေချာ ကြည့်နေသည်မှာ ထိုအခန်းထဲ ၀င်လာကတည်းကမို့ သူလဲတော်ရုံစကားမပြောရဲ...
"ရောက်လာပီလား..?"
မှိတ်ထားသော မျက်ဝန်းတို့ကိုသာယာဖွင့်ပီး ရှောင်းကျန့်ကို သေချာကြည့်ကာ လေသံခပ်သြသြဖြင့်မေးလာသည့်စကားတစ်ခွန်း.."သမ္မတ! မျက်လုံးတွေက..!!"
ပယင်းရောင် မျက်ဝင်းတွေက လိုတာထပ်ပိုလင်းလက်နေသည်မို့ လန်ရှီးချန် ယောင်ရမ်းကာအော်မိခြင်း နှင့် မရှေ့မနှောင်းမှာပင်.. ရှောင်းကျန့်က ရိပေါ်ကိုကြည့်နေရင်း တစ်ကိုယ်လုံး တုန်ယင်လာပီး သူ့ကိုယ်သူတောင်မသိလိုက်ခင်မှာပင် လက်ထဲမှာ ဓားလွှတ်ကျကာ.. မြေပြင်ပေါ်ဒူးထောက်ရပ်သား..ပီးတော့ပီးတော့...
"ဟား.!!ဟား..!ဟားဟား..!!!"
ရှောငိးကျန့် ဆီမှာ အသံနက်ကြီးဖြင့် အော်ရီသံက အခန်းတစ်ခုလုံးကိုခြုံလွှမ်းသွားသည်။"ရောက်လာပီလား..? မဟူရာ.!"
ပထမတစ်ခေါက်ကမေးခွန်းပေမယ့်အခုက မေးခံရသူ မတူတော့.. ရှောငိးကျန့် ခန္တာကိုယ်ဖြင့်မဟူရာက.. အခန်းတခုလုံးကို ပတ်ကြည့်ပီး.. ပြုံးသည်။...ထို အပြုံးက နည်းနည်းလေးမှ စိတ်ချမ်းသာစရာမရှိ..
YOU ARE READING
The Blood Vessels... S2 (U+Z) { Completed }
Fanfictionလန်နိုင်ငံ မြို့ဟောင်းကထွက်ပေါ်လာသော မှတ်တမ်းမတင်ထားတဲ့ကြင်ယာတော်တစ်ပါးရဲ့ရာဇ၀င်နက့် လူဝင်စားလာတဲ့ ဝေ့ရင်းနက့် အခုထိ အသက်ရှင်နေသေးတဲ့ နတ်နဂါးမင်းလန်ကျန့်တို့ရဲ့ချစ်ခြင်း ကို ဘယ်လိုပြန်ရှာကြမလဲဆိုတာကတော့.. အခုသွေးကြောမျှင်လေးS2မှာ ဆက်အားပေးကြပါနော် လ...