Chapter 11
~~~~~~~
"လန်ကျန့်.!!!"
"......လန်ကျန့်...ငါပြန်လာမယ်....!"
~~~~~~
ခေါင်းထဲက တဆစ်ဆစ်နာကျင်မှုနက့်အတူ ရှောင်းကျန့် အိပ်စက်နေရာက နိုးလာခဲ့တယ်...
ဒီည လဲ အိပ်မက်က ထူးဆန်းနေပြန်ပီ..
တိုက်ခိုက်နေတဲ့ စစ်မြေပြင်က အကြောင်း..ပြီးတော့.. ချစ်သူနှစ်ယောက်...အိမ်ယာဘေးက နာရီကို ကြည့်မိတော့ အချိန်က ၃း၀၀အတိ အကျ..
အိမ်မက်က လေးလံတဲ့ ခံစားချက်ကို အခုထိခံစားမိနေတုန်း.. ချစ်သူကိုခွဲရတော့မယ့်ခံစားချက် ....ပြန်လာမယ် ဆိုပီး သူ့ကိုမစောင့်ပဲ နေမှာစိုးတဲ့ခံစားချက်...ရုတ်တရက်ဘာမှန်းမသိတဲ့ ဝေဒနာကြောင့် ရှောင်းကျန့်နှလုံးသားကို ဖိမိတယ်...
ဟုတ်တယ်.. သူရင်အရမ်းခုန်နေတယ်.. ပီးတော့ နာကျင်နေတယ်တယောက်ယောက်ကို အရမ်းလွမ်းတာပဲ...
အိမ်မက်ထဲမှာ သူရေရွက်မိတဲ့ နာမည်ကို အသည်းအသန် ပြန်စဉ်းစားလိုက်မိတယ်...".....လန်... လန်.ဟွမ့်..."
"လန်ဟွမ့်.. "
နောက်တကြိမ် ထပ်ရွက်မိတော့ ရှောင်းကျန့် နှုတ်ခမ်းမှာ အပြုံးတပွင့်တည်တယ်..
ပီးတော့ တခုခုကိုစိတ်ချသွားသလို..နှလုံးသားကလဲငြိမ်ကျသွားတယ်... နာကျင်နေတာလဲ ရပ်သွားတယ်..ရှောင်းကျန့် မျက်ဝန်းတွေလဲ တဖန်မှိတ်ကျသွားပြီး.. ခေါင်းဦးမှ သူ့ရဲ့မျက်နှာနုနုကို ဖွဖွလေးဖိကပ်လိုက်ကာ...
နှုတ်ခမ်းပါးတစ်စုံက နာမည် တခုကိုဖြေးဖြေးလေးညှင်းတယ်...
"လန်ဟွမ့်..လန်ရှီးချန်..."
...........................
Knock..Knock...
"၀င်ခဲ့ပါ.."
"ပါမေက္ခလန် ... ဒေါက်တာရှောင်းက တွေ့ခွင့်တောင်းပါတယ်.."
အတွင်းရေးမှူး မလေး အထဲကိုဝင်လာတဲ့အထိ စာရင်းစာရွက်ကိုအကြည့်မပျက်တဲ့ ရှီးချန်... ဒေါက်တာရှောင်းဆိုတဲ့ နာမည် အကြားမှာ..အပြုံး လေးတပွင့်သိသိသာသာ ကြွေတယ်...
YOU ARE READING
The Blood Vessels... S2 (U+Z) { Completed }
Fanfictionလန်နိုင်ငံ မြို့ဟောင်းကထွက်ပေါ်လာသော မှတ်တမ်းမတင်ထားတဲ့ကြင်ယာတော်တစ်ပါးရဲ့ရာဇ၀င်နက့် လူဝင်စားလာတဲ့ ဝေ့ရင်းနက့် အခုထိ အသက်ရှင်နေသေးတဲ့ နတ်နဂါးမင်းလန်ကျန့်တို့ရဲ့ချစ်ခြင်း ကို ဘယ်လိုပြန်ရှာကြမလဲဆိုတာကတော့.. အခုသွေးကြောမျှင်လေးS2မှာ ဆက်အားပေးကြပါနော် လ...