The Blood Vessles 3

5.5K 490 32
                                    

Chapter   3

..............    ................

"ပြန်လာပါပီ...!"

အိမ်တံခါးကို ဖွင့်ရင်း... ဖိနပ်ချွတ်ခုံမှာ ထိုင်ပီး ပြောမိတယ်..
အင်း.!! အရင်လို အိမ်မှာ မီးဖွင့်ပီးစောင့်နေတဲ့ အမေ ရှိဦးမယ် အထင်နက့်..!

မှောင်မဲ နေတဲ့ ဧည့်ခန်းကို ကျော်ပီး.. အိပ်ခန်းဆီလျှောက်လှမ်းလာလိုက်တယ်..

အခန်းတံခါးကို ဖွင့်.. King sizeကုတင်ပေါ်ကို ခြေပစ်လက်ပစ် လဲ ချပစ်လိုက်ရင်း...
မျက်လုံးတွေစုံ မှိတ်ပစ်လိုက်တယ်...

ရှောင်ကျန့် မင်းအရမ်းပင်ပန်း နေပီ နားတော့ ဆိုတဲ့ သဘောနက့် ကိုယ့်ကိုယ်ကို အနားပေးလိုက်တယ်...

အ၀တ် အစားမလဲ.. ခြေအိတ်မချွတ်..  ရေမချိုးဖြစ်ပဲ သူအိပ်ပျော်ခဲ့တဲ့ညပေါ့....

...................    ....................

"သမ္မတကြီး.... ၀န်ကြီးချုပ်ချန် လာတွေ့ပါတယ်.."

Dinner room ထဲကို အိမ်တော်ထိန်းက ၀င်လာပီးအကြောင်းကြားတော့ လန်ကျန့်စားလက်စ ဟင်းပွဲတွေ သိမ်းခိုင်းလိုက်ရင်း..

"သူ့ကို ၀င်လာခိုင်းလိုက်.."

"ဟုတ်ကဲ့.."

ဦးညွှတ် အရိုအသေ ပြုပီး အိမ်တော်ထိန်းကြီးနက့် အစေခံ တွေ ထွက်သွားပြီး သိပ်မကြာခင်မှာ... ၀န်ကြီးချုပ်ချန် ၀င်လာတယ်...

"သမ္မတကြီး.. နေကောင်းပါရဲ့လား."

ဦးမညွှတ်ပေမယ့်လဲ ချန်ချင်က အရင်လို လန်ကျန့်ကို ပြုံး ပြီးနှုတ်ဆက်တုန်းပဲ.. ဟိုးအရင်တုန်းကလိုမျိုးပေါ့..

"ချန်ချင်.."

လန်ကျန့် အကြောင်းမရှိ ခေါင်းငုံမိတယ်.. ချန်ချင်ကို မြင်ရင် သူ ... ဝေ့ရင်းကို ပိုသတိရတယ်..

လန်ကျန့်အကြောင်းကိုသိတဲ့ ချန်ချင်က.. သူ့အနားကိုလျှောက်လာပီး ပခုံးပုတ်ပေးကာ..

"လန်ကျန့်.. မင်း သူ့ကို အခုထိမတွေ့သေးဘူး မလား.."

လန်ကျန့်က စကားနက့်မဖြေပဲ ခေါင်းငြိမ့်လျက်သာ ဖြေတာမို့ ချန်ချင် သက်ပြင်းချပီး...

The Blood Vessels... S2 (U+Z) { Completed }Dove le storie prendono vita. Scoprilo ora