The Blood Vessels 13.1

3.5K 370 22
                                    

Chapter   13.1


"သမ္မတ၀မ်ရိပေါ် ကြွရောက်လာပါပီ.." ဆိုတဲ့..

ရှေ့ပြေး အမတ်ကြီးရဲ့ စကားကြောင့် ခန်းမ တခု လုံး ငြိမ်ကျသွားတယ်.. အပ်ကျသံတောင်ကြားရလောက်တဲ့အထိ...
အကုန်လုံးက သတိဆွဲကာ ငြိမ်သက်လို့..

ခန်းမရဲ့ ပင်မ တံခါးချပ်ကြီး ဖွင့်လာပီးတဲ့နောက်မှာ.. ပထမဆုံး အသက်ဝင်လှုပ်ရှား သွားတာကတော့ ဂီတအဖွဲ့ရဲ့ ငြိမ့်ညောင်းတဲ့တေးသံ..

ပီးတော့..

တံခါးမကြီးက ဖြတ်ဝင်လာတဲ့..သက်တော်စောင့်တွေ. ..

ရှောင်းကျန့် ချက်ချင်းပဲ ထိုလူအုပ်ကို အာရုံပို့လိုက်တယ်..သူတင်မက ခန်းမထဲက လူတွေအကုန် ရဲ့အာရုံက အဲ့ လူအုပ်ဆီမှာ..

သက်တော်စောင့် တချို့ရဲ့နောက်မှာက အမတ်အနည်းငယ် ပီးတော့ ၀န်ကြီးချုပ်... အဲ့နောက်ဆုံးမှာက.. သမ္မတပေါ့..
လူတွေ ကြားထဲက အဲ့ယာင်္ကျားပျိုက သမ္မတ တဲ့လား..?

ရှောင်းကျန့် ရဲ့ မျက်ခုံး တွေတွန့်ချိုးကုန်တဟ်..
အလွန်ဆုံးရှိလှ အသက် ၂၅.. ၂၆ အရွယ် ဒီယောင်္ကျားက သမ္မတတဲ့လား..?

ဒါပေမယ့် အဲ့ယောင်္ကျားပျိုက ကြည့်လို့ကောင်းတယ်... သူ့ကိုယ်သူတောင်မသိလိုက်ပါပဲ သမ္မတကိုပဲ လိုက်ကြည့်နေမိတဲ့ရှောင်းကျန့်..

ခန်းမရဲ့ ထိပ်ဆုံးက စင်နိမ့်လေးပေါ် တက်သွားသည်အထိ သမ္မတ စကားပေါ်ဖို့.. ရပ်လိုက်သည်အထိ.. နောက်ဆုံး သမ္မတရဲ့နှုတ်ခွန်းဆက်စကားကြားမှ သတိပြန်ဝင်လာမိလေရဲ့..

"အားလဲုးမင်္ဂလာပါ.. ကျွန်တော်ဝမ်ရိပေါ်ပါ..
ဒီည Dinner ဖိတ်တဲ့အကြောင်းကတော့ သမိုင်းကြောင်းထဲက ကြင်ယာတော်ရဲ့အုတ်ဂူကို ရှာဖွေတွေ့ရှိထားတဲ့ သုတေသန အဖွဲ့ကို ချီးမြှောက် ချင်ရုံပါ.. အားလုံးပဲ ကြိုးစားခဲ့ကြပါတယ် ရှေးဟောင်းအမွေအနှစ် ကို ရှာဖွေနိုင်ခဲ့တဲ့အတွက်  ကျွန်တော်သမ္မတ တစ်ယောက်အနေနက့် အားလုံးအတွက်အားရပါတယ် ကဲ သုံဆောင်ကြပါဦး..."

ဝမ်ရိပေါ်ရဲ့ စကား အဆုံးမှာ ခန်းမထဲက လူတွေအကုန် လက်ခုပ် တီးကုန်ကြသည်..
သို့ပေမယ့် ရှောင်းကျန့်မပါ..

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now