The Blood Vessels 20

5.1K 373 38
                                    

Chapter  20


မင်္ဂလာ ပွဲနေ့..

သမ္မ္မတဟောင်းရဲ့ မင်္ဂလာပွဲမို့ ဒီပွဲက လူစည်ကားတယ်..

အခု အချိန်မှာတော့ အမိကော အဖကို ပြစရာမရှိတော့တဲ့ ဟန်ကွမ်းကျွင်းက နတ်နန်းသခင် ချန်ချင်ကို သူ့မိဘ နေရာမှာ ထိုင်စေတယ်...

မိဘနှစ်ပါးလုံး Accidentနက့် သေသွားတဲ့ ရှောင်းကျနိ့ကလဲ သူ့ ဦးလေးနက့် အဒေါ်ဖြစ်တဲ့ ရှောင်းဝမ်ကျီးရဲ့ အဖေရှောင်းပေါင်ထန်း နက့် အမေစန်းရှင်း တို့ကို မိဘနေရာ မှာ ထိုင်ဖို့ခွင့်တောင်းထားလေရဲ့...

အခမ်းအနားမှာ.. သမ္မ္မတဘ၀တုန်းက ရင်းနှီးလာကြတဲ့ဝန်ကြီး လူကြီးတွေအပြင်.. ရှောင်းကျန့်သုတေသနဌာနက သူငယ်ချင်းမိတ်ဆွေ ဆရာတွေလဲပါတာကြောင့်.. လူတန်းစားမျိုးစုံ တက်ရောက်တဲ့ပွဲလဲဖြစ်တယ်...

"သတို့သားများ အရင်ကြွပါ..!!!"

နားကြားမှားတာမဟုတ်ပါဘူး တကယ် သတို့သားများလို့ အခမ်းအနားမှူးက ပြောလိုက်တာပါ.. အခမ်းအနာမှူးရဲ့စကားအဆုံးမှာ.. ခန်းမကြီးရဲ့ တံခါးအစုံ ပွင့်လာလေရဲ့..

အဖြူ .. အပြာရောင် နက့် ခဲရောင်... တို့စပ်ယှက်ကာ လှပစွာ အလှဆင်ထားတဲ့ ခန်းမ ကြီးတခုလုံးကာ.. ခမ်းနားထည်ဝါ တည်ငြိမ်တဲ့ သဘောကို ဆောင်တယ်...

ထို ခန်းမ ကို ပိုမို့ အသက်ဝင်စေတာက.. ခန်းမထဲ ရှိ အနီရောင်ကော်ဇော်ထက် တစ်လှမ်းခြင်းလျှောက်လှမ်းလာတဲ့ သတို့သား ၃ယောက်...ကြောင့် ဖြစ်တာကိုမှု ဘယ်သူမှမငြင်းနိုင်..

ပထမဆုံး ခန်းမထဲ ခြေချတာက အဖြူရောက်ဝတ်စုံဖြင့် ဖြူဖွေးသန့်ရှင်းတဲ့ အကိုကြီး လန်ရှီးချန်...

ဒုတိယနေရာ ယူထားတာက အပြာရောင် အနောက်တိုင်းဝတ်စုံဖြင့် တည်ငြိမ်တဲ့ အသွင်ဆောင်တဲ့ သမ္မ္မတ ၀မ်ရိပေါ်..

နောက်ဆုံးမှာကတော့.. ခဲရောင်ဝတ်စုံဖြင့် ယောင်္ကျားကောင်းအသွင်အပြည့်ဖြင့် ဆွေ့ပြန့်...

သတို့သားများနေရာ ယူပီးသည်အထိ လူပရိသတ်ရဲ့ လက်ခုပ်သံကား မဆဲ တာမို့.. အခမ်းအနားမှူး က ပဲ ငြိမ်သက်ပေးဖို့တောင်းဆိုလိုက်ကာ... နောက်ထွက်လာမည့် သတို့သား တွေကို ခေါ်ဆောင်ရပြန်သည်။...

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now