The Blood Vessels 17

3.6K 370 47
                                    

Chapter   17

အခန်းထဲက နေ ရှောင်းကျန့်ကို မင်းသမီးတပါးလို ကြင်သာစွာချီပွေ့ပီး လန်ကျန့် ထွက်လာတဲ့အချိန်မှာပဲ..

လန်ရှီးချန်က မျက်ရည်တွေနက့် တရားထိုင်နေရာမှထကာ ထွက်ပြေးသွားတာကိုတွေ့လိုက်တဟ်..အဖြစ်အပျက်က ရုတ်တရက်မို့ ပီချန်နက့် ချန်ချင်က နေရာမှာတင် ကြောင်တောင်တောင်လေးထိုင်နေတုန်း..

ပီချန်က ချက်ချင်းပဲ သတိကပ်လိုက်ကာ ပြေးထွက်သွားတဲ့လန်ရှီးချန်ကိုအော်မေးလိုက်တယ်..

"လန်ရှီးချန်  ရုတ်တရက်ကြီးဘာလို့ထပြေးသွားတာလဲ ဗျ.!!!"

ဆိတ်ငြိမ်ဆောင်ရဲ့တံခါးပေါက်နားထိရောက်နေပီဖြစ်တဲ့လန်ရှီးချန်က မျက်ရည်တွေကြားကနေ လန်ကျန့်တို့ကို တချက်ပြန်ကြည့်ကာ...

"ကျွန်တော်သူနက့်တွေ့ဖို့ နည်းနည်းလေးတောင် မစောင့်နိုင်တော့ဘူး..!!"

လို့ပြန်အော်ပြောကာ.. တံခါးမကြီးကို ဆွဲဖွင့်ပီး ထွက်ပြေးသွားခဲ့တဟ် ..ချန်ချင်ကလဲ အခုမှ ထိုင်ရာက ထပြီး.. ပီချန်နက့်လန်ကျန့်ကို တချက်ကြည့်ကာ..

"သူတယောက်တည်းဆိုအဆင်မပြေလောက်ဘူး ငါပါလိုက်သွားလိုက်မယ် .. ပီချန် ဝေ့ရင်းကို စောင့်ပေးလိုက်.."

ပြောလဲပြော ချန်ချင်က လန်ရှီးချန်နောက်ကို အပြေးလိုက်သွားလေရဲ့.. ချန်ချင်က နတ်နဂါးမို့ လူသားဖြစ်တဲ့လန်ရှီးချန်ရဲ့အမြန်နှုန်းလောက်ကို အသာလေးလိုက်မှီလေတယ်...

လန်ရှီးချန်နက့် ရှောင်းကျန့်တို့ကို ပြန်ခေါ်လာတုန်းက ညအချိန်ပေမယ့် အခု အဆောင်အပြင်ထွက်လိုက်တော့ မနက်ဝေလီဝေလင်းဖြစ်နေပီ။

ကားပါကင်ဆီကို သွားလောက်မယ့် လန်ရှီးချန် နောက်ကို အပြေးလိုက်သွားမိတော့.. အလာတုန်းက သူ့ကားသူမယူလာပဲ ရှောင်းကျန့်ကားနက့်လိုက်ခဲ့တဲ့ လန်ရှီးချန်က ကားနားမှာ ငူငူကြီးရပ်နေတာမို့.. ချန်ချင်က သူ့ကားအနီလေးကို ထုတ်ကာ လန်ရှီးချန်နားသွားရပ်လိုက်ပီး...

"ဇယ်ဝူကျွင်း မိဖုရားဆီသွားမှာမလား တက်ဗျ.!!!"

ကားမှန်ချကာ ကားထဲကနေ အော်ခေါ်မိတော့ လန်ရှီးချန်က သူ့ကို တချက်လှမ်းကြည့်တယ် ပီးတော့ ကားတံခါးဖွင့်..ကားပေါ်တက်လိုက်ပီး...

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now