The Blood Vessels 10

4.4K 404 51
                                    

Chapter 10

Ring...Ring..Ring...

"အေး.."

"ဓားကို ဒီည အရောက်ပို့လိုက်.."

ရီလင်း ဘက်ကဆက်သွယ်လာတဲ့ဖုန်းကြောင့် ရှောင်းကျန့် ၀မ်းသာသွားတယ် .. ဒီဓားကို အိမ်မက်မက်ခဲ့တာ ဒီ ကြင်ယာတော်အုတ်ဂူကို အိမ်မက်ထဲ ခဏခဏ မြင်နေခဲ့မိတာ..

နောက်ဆုံး သူ့အိမ်မက်ထဲက အရာက သူ့လက်ထဲ ရောက်လာတာမို့ ရှောင်းကျန့်ရဲ့ အပျော်က ဘာနက့်မှ လဲလို့မရသလို..

ဖုန်းကို ချ.. ၀ိုင်တခွက်ကို ကိုင်ပီး အိပ်ခန်းဝရံ တာရှေ့ကို ထွက်မိတော့ မှန်းတခါးချပ် အဖွင့်မှာ လေနုအေးလေးတွေ က သူ့ခန္တကိုယ်ပေါ်က ဖဲသားည၀တ် အကျီင်္ကို တိုးဝင်လာတယ်..

"အေးသလိုပဲ.."

ကိုယ့်လက်မောင်းကို ပြန်ပွတ်ရင်း ၀ရံတာကနေ ကောင်းကင်ကိုမော့ကြည့်မိလေရဲ့.. ပေကျင်းရဲ့ ညဘက်ကောင်းကင်က ကြယ်တွေ အရမ်းစုံလွန်းတယ်..

"လှလိုက်တာ..."

ရှောင်းကျန့် ၀ရံတာကို ကျောပေးပြီး မှီရပ်လိုက်ရင်း... လက်ထဲက ၀ိုင်ကို တကျိုက်မျှသောက်မိတယ်.. လည်ချောင်းထဲ ပူဆင်းသွားတာပဲ..

သူက အေးနေတာကို မကြိုက်ဘူး.. အနွေးဓာတ်လေးကို အရမ်းသဘောကျတာပဲ.. ၀ိုင်သောက်ရင်းလောလောလက်လက်ဝယ်ထားတဲ့ ဓားအကြောင်းစဉ်းစားမိတော့...

ဦးခေါင်းခွံက ဆစ်ကနဲ နာတယ်..ခေါင်းကို အကြမ်းပတမ်းရမ်းချပစ်လိုက်တယ်..

"ငါဘာဖြစ်နေတာလဲ..."

ရုတ်တရက် ဖြစ်လာတဲ့ ခံစားချက်က ရှောင်းကျန့်ရင်ကို ပူစေတယ်.. ပီးတော့

ပီးတော့....

သောက်လက်စ ၀ိုင်ခွက်ကိုကိုင်ရင်း အခန်းထဲ ပဲပြန်ဝင်ကာ.. အိပ်ယာပေါ် ၀ိုင်တွေ သွန်ချပစ်လိုက်ရင်း..

"ဟားးးဟားးဟူးဟီးးဟီးးးဟားးးဟီးးဟီးဟီးဟီးးး.."

အရူးတယောက်လို ဒေါက်တာရှောင်းကျန့်က ရီတယ်..
အင်း မျက်လုံးအစုံကလဲ ခရမ်းရောင်ပြောင်းလို့ပေါ့...

....................................

ဒီလောက်ပါပဲ Cox တကယ်မအားတာပါ တောင်းပန်ပါတယ်.. သင်တန်းက မနက်၉း၀၀ကနေ ည၁၁း၀၀ထိ တောက်လျှောက်ဖြစ်နေလို့ပါ..

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now