The Blood Vessels 6

4.5K 480 22
                                    

Chapter   6

...........    ...........

ချန်ချင် တူးဖော် ထားတဲ့ အုတ်ဂူ နားမှာ ရပ်နေတယ်..

တပ်ထားသမျှ Cctv တွေ စောင့်နေတဲ့ ကင်းတဲ အစောင့်တွေက.. သူ့ရဲ့ကိုယ်ပျောက်အစွမ်းကြောင့် မြင်ကြမှာမဟုတ်ဘူး..

"ဝေ့ရင်း.."

အုတ်ဂူကို အဝေးက ကြည့်နေရင်း သူငယ်ချင်းတစ်ဖြစ်လဲ တပည့်ဖြစ်သူရဲ့ နာမည်ကို တိုးညှင်စွာငြီးမိတယ်..

"မင်းက လန်မင်းကြီးရဲ့တိတ်တိတ်ပုန်းကြင်ယာတော်တဲ့လား..."

ချန်ချင် ပြောလဲပြော ခေါင်းလဲခါ မိသည်.. သမိုင်းတွေ အရမ်း လွဲမှားနေတာပဲ..
အနားမှာတပ်ထားတဲ့ cctv မြင်ကွင်းကို ပုံသေလုပ်လိုက်ပီး ကိုယ်ပျောက်ထားတာကို ဖျောက်ပစ်လိုက်တယ်..

ပီးတော့.. အုတ်ဂူအနားကို တိုးကပ်သွားပီး အုတ်ဂူရဲ့ အဖုံးပေါ်က ဆာဂူရာ ပန်းပွင့်လေးတွေကို လက်နက့်လိုက်ထိကြည့်မိရင်း...

"လှလိုက်တာ..." တစ်ကိုယ်စာကြားရုံမျှပြောမိပြန်သည်.. ပီးတော့ ညင်သာစွာပြုံးလိုက်ပီး..

"လန်ကျန့် သာသိရင် မင်းကို လာတွေ့ချင်မလား ဒါမှမဟုတ် မင်းအုတ်ဂူကိုတူးဖော်လို့ဆိုပီးတော့.. အဲ့လူတွေအကုန်သတ်ပစ်မလား မသိဘူးနော်.. ဝေ့ရင်း မင်းသိလား လန်ကျန့်က အရင်ကထပ်စာရင် ပိုစိတ်ထိခိုက်လွယ်လာတယ်..."

ပြောလဲပြော အုတ်ဂူ အဖုံးကို ဖွင့်လိုက်တော့ အထဲက ဆာဂူရာပန်းအနံ့တွေနက့်အတူ.. လူတစ်ရပ်စာရှည်တဲ့ပန်းချီကားချပ်ကို အရင်တွေ့ရတဟ်...

"ဒါ.. ဝေ့ရင်း အသုဘအတွက် လန်ကျန့်ဆွဲခဲ့တာပဲ ကောင်းလိုက်တာ လှလိုက်တာ.. အခုထိ ဆေးမပြယ်သေးဘူး.."

ပန်းချီကားချပ်ကို ဖယ်လိုက်တော့.. ရင်ဘက်ပေါ် လက်နှစ်ဖက်ယှက်တင်ထားတဲ့ လူအရိုးစုတစ်ခု..

ချန်ချင်.. မျက်ရည်ဝေ့လာတယ်.. သူ့နေရာမှာ လန်ကျန့်သာဆိုရင် ဝေ့ရင်းရဲ့အရိုးစုကို ပွေ့ပီးငိုနေမလားပဲ..

ဝေ့တက်လာတဲ့မျက်ရည်ကြည်တွေကို လက်ဖမိုးနက့်နူးနူး ညံ့ညံ့ သုတ်လိုက်တယ်ပီးတော့.. အရိုးစု ဘေးက ဓားဆီ အကြည့်ရောက်သွားလေရဲ့..

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now