The Blood Vessels 15

3.4K 355 35
                                    

Chapter  15


အိမ်ရှေ့အရောက်..ကားပေါ်ကဆင်းဆင်းခြင်း တွေ့လိုက်ရတဲ့သူကြောင့် ရှောင်းကျန့် အံ့သြမိသွားသည်။

"ရှောင်းကျန့်.."

"လန်ရှီးချန် ဘယ်လိုလုပ်ပီး..?"
ပါတီက ပီးတော့ အိမ်ပြန်သွားမယ် ထင်တဲ့ လန်ရှီးချန်က အခုတော့ သူ့အိမ် လှေကားထစ်အုတ်ခုံလေးမှာ ငုတ်တုတ်လေး..

"ဒါလေး ကျန်ခဲ့တာမလား..?"
ရှီးချန်လက်ထဲက သူ့ဖုန်းကိုမြင်မှ ဟိုကလေးတွေ နားမှာ ဖုန်းကျန်ခဲ့တာကို ရှောင်းကျန့်သတိရသွားသည်။

"စစ်ကျွေးကသိမ်းထားပီး ကိုယ့်ကို လာအပ်ထားတာ..အဲ့တာကိုယ် ဒီည လာပေးချင်လို့.. ကျန့်ကျန့်ကိုလဲစောင့်ရင်း.."
ဆွေးမြေ့မြေ့ အပြုံးနက့် ရှီးချန်က ပြုံးလေတော့ ရှောငိးကျနိ့ နေရထိုင်ရအဆင်မပြေဖြစ်သွားသည်။ လန်ရှီးချန် ဘာလို့ အဲ့လို ကလေးဆန်နေရတာလဲ..

"ကျွန်တော် ဒီည အိမ်မပြန်ဖြစ်ရင်  တညလုံးထိုင်စောင့်နေမှာလား..?"

လက်ထဲကဖုန်းကို ယူလိုက်ရင်း ရှီးချန်နက့် မျက်လုံးခြင်းမဆုံမိအောင်ကြိုးစားကာ ရှောင်းကျန့် မေးမိတော့..ရှီးချန်က ခပ်တိုးတိုးရယ်သည်။ ရယ်သံလွင်လွင်လေးပေမယ့် မျက်ဝန်းက ဘာလို့ဆွေးနေတာလဲ ရှီိးချန်

"သေချာတာပေါ့ ရှောင်းကျနိ့.."တဲ့

"ဒါ..ဒါ..ဇယ်ဝူကျွင်း.??"
ပီချန် ဆီမှ ထွက်လာတဲ့စကား .. စကားဆိုတာထပ်မေးခွန်းလို့ပြောရင်ပိုမှန်မည်။ အစကတော့ ဝေ့ရင်းကို ဓားဝင်ယူခိုင်းရုံပဲမို့ သူက ကားပေါ်မှာ နေခဲ့တာ..

ဝေ့ရင်းရဲ့အိမ်ရှေ့မှာလူတယောက်ကစောင့်နေပီး ဝေ့ရင်းနက့်ဘာတွေပြောနေကြမှန်းမသိတော့ သူလဲစိတ်မရှည်ပဲကားပေါ်ကနေဆင်းချလာတဲ့အချိန်.. လန်ရှီးချန်ကလဲ ခပ်တိုးတိုးရယ်နေတဲ့အချိန်.. ပီချန် မျက်ဝန်းထဲ လက်ကနဲဖြစ်သွားသည်။ ဒါ..ဒါ လန်နိုင်ငံရဲ့မင်းကြီးဇယ်ဝူကျွင်း....

ပီချန်ရဲ့စကားကြောင့် ရှောငိးကျန့်က မျက်မှောင့်ကြုံပီး လှည့်ကြည့်မိသည်။ ရှီးချန်ကလဲ ရှောင်းကျန့်ကားပေါ်က ဆင်းလာတဲ့ ထိုကောင်လေးကို ကြည့်ကာ..

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now