The Blood Vessels 14.1

3.4K 385 44
                                    

Chapter   14.1

ရှောင်းကျန့် နည်းနည်းလောက်တော့ပျင်းလာလေပီ။ တနေရာထဲမှာ ထိုင်ကာ တခုခုကို စောင့်နေရသည်က သူ့စတိုင်မဟုတ်တာကြောင့်..ထိုင်ပီး ၂မိနစ်၃မိနစ်အကြာမှာတင် အပျင်းတက်လာသည်ကမဆန်း။.

"ဟူး.. ဘယ်လောက်တောင်စောင့်ရမှာလဲ ငါပျောက်နေတာမသိကြဘူးလား..ပြောတော့ခြေရာခံစက်တပ်ထားတယ်လေးဘာလေးနက့် သမ္မ္မတအိမ်ကလူတွေတော်တော်အသုံးမကျတာပဲ.."

အပြစ်တင်ပြောဆိုချင်နှင့်အတူ ရှောင်းကျန့်ခေါင်းကို ဖြေးညှင်းစွာခါရင်း ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်သည် နှငိ့ အမြင်အာရုံကို ဖမ်းစားသွားသည်က သူ့မျက်စောင်းထိုးမှာရှိနေသည့် အခန်း တံခါးထက်မှ ပန်းချီကားချပ်လေးတစ်ချပ် ဖြစ်သည်။

ရှောင်းကျန့် ဒီနေရာမှာ ထိုင်နေတာ နည်းနည်းတောင်ကြာတော့မယ် ဘာလို့သူအခုမှပတ်ဝန်းကျင်ကိုလေ့လာမိလဲ သူကိုယ်သူဝမ်းနည်းမဆုံး ဘာကြောင့်ဆိုသော် သမ္မတအိမ်ကပန်းချီကားချပ်သည် တန်ဖိုးကြီး ပန်းချီတချပ်ဖြစ်နိုင်သည်မဟုတ်ပါလား။

ကောက်ကျစ်သောဥာဏ်လေးနိုးထလာသည်နှင့်အတူ ရှောင်းကျန့်၏ခြေလှမ်းများသည်ကလဲ ထိုတံခါးဘက်ဆီသို့...။
ပန်းချီကား၏ ရှေ့တည့်တည့်တွင် ရပ်ကာ သူ့၏သုတေသနမျက်လုံးများကို အလုပ်ပေးလိုက်သည်...

ပန်းချီကား၏ အောက်ခံဆေးသား... မှင်ရေ.. စုတ်ချက်... နူးညံ့မှု... ထည့်သွင်းထားသောအရောင်အသွေး.. အသုံးပြုထားသော စက္ကူ.... ရေးဆွဲသူ၏ လက်ရာ..သည်ကား ဆာကူရာပန်းပင်ပုံဖြစ်သည်။

"ကျစ်!!.."
ရှောင်းကျန့် အားမလိုအားမရဖြင့် ကျစ်စုတ်မိသွားသည်။ ကောင်းလိုက်တာ.. ဒီပန်းချီ မှောင်ခိုဈေးကွက်မှာတောင်ရှာမရနိုင်။
ကုန်ကုန်ပြောရရင် သူမှောင်ခိုဈေးကွက်ကို အုပ်စိုးခဲ့သမျှကာလပတ်လုံး ဒီလိုအရည်အသွေးကောင်းတဲ့ပန်းချီမတွေ့ခဲ့...။

လိုချင်တယ်..ဒီလိုပန်းချီမျိုး ရောင်းစားဖို့တော့မဟုတ် လှလွန်းလို့သိမ်းထားချင်မိရုံသာ.. သို့ပေမယ့် ဒီပန်းချီက သမ္မတအိမ်ကဖြစ်သည့်အပြင် ပန်းချီလက်ရာကလည်း ရှေးကျပီးလှပလွန်းနေသည်။ပီးတော့ ထိုပန်းချီလို အရည်အသွေးတူ ပန်းချီကား တစ်ချပ်ကိုလဲ သူတွေ့ခဲ့ဖူးသည်ဟု ခံစားမိနေလေရဲ့..

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now