The Blood Vessels 7

4.6K 559 26
                                    

Chapter   7

ချန်ချင်ပြောတဲ့ စကားကြောင့်.. လန်ကျန့် လက်ထဲက ဖုန်းခွက်ကိုလွှတ်ချလိုက်မိသွားတယ်.. အထိုင်ဖုန်းလေးရဲ့ စကားပြောခွက်လေးက စားပွဲ အောက်ကို ကြိုးတန်းလန်းနက့် ပြုတ်ကျသွားလေရဲ့..

"ဟလို..! လန်ကျန့်.. နားထောင်နေလား.. လန်ကျန့်..!!"

ကြောင်တောင်တောင်ဖြစ်နေတဲ့ လန်ကျန့်က အခုထိ စားပွဲကိုမှီရပ်လျက်သား..
ပြုတ်ကျသွားတဲ့ဖုန်းခွက်ကိုလဲမကောက်မိ...
ချန်ချင်ရဲ့အမေးစကားကိုလဲ သူမတုန့်ပြန်မိ...

တော်ရုံနက့်ပြန်မဖြေလာတဲ့ လန်ကျန့်ကြောင့် ချန်ချင်က အခြေအနေကိုရိပ်မိသွားသလို ဖုန်းချသွားတယ်..

ချန်ချင်ဖုန်းချလိုက်တော့မှ.. စားပွဲမှာမှီရပ်နေတဲ့ လန်ကျန့်.. ကြမ်းပြင်ပေါ် ဒူးထောက်ရပ်သား ပြုတ်ကျသွားလေရဲ့..

.......................

"ဟူး..!"

ပျော်စေချင်လို့ ဖုန်းဆက်ပါတယ် ဆိုမှ လန်ကျန့်က သူ့စကားကိုပြန်မဖြေလာတာကြောင့် ဒီကောင် shockရသွားမယ် ဆိုတာ ဘယ်သူမှမပြောလဲ သူသိပါတယ်..

ဒါကြောင့်ဖုန်းကိုပြန်ချလိုက်ပြီး.. အခုလောလောဆယ် သူ့လက်ထဲမေ့နေတဲ့ ဝေ့ရင်းလူဝင်စားကောင်လေးကို ပြန်ပို့ပေးရမယ်..

ချန်ချင်က နတ်နဂါးဖြစ်သည့်အလျောက် တန်ခိုးအနည်းငယ်သုံးပီးကောင်လေးရဲ့ နားနေရာ အခန်းကိုရှာဖို့.. ကောင်လေးရဲ့နဖူးကို သူ့လက်ညိုးလေးနက့်ခပ်ဖွဖွထိလိုက်ပီး. သူလဲ မျက်လုံစုံမှိတ်လိုက်တော့...

...အားပါး.. ဝေ့ရင်းလူဝင်စားရဲ့ ဘ၀က ခက်ခဲလှချည်လား..

ငယ်ဘ၀က ကောင်လေးကြောင့်အတန်းပိုင်ဆရာမကကားတိုက်ခံရတယ်.. အသက်နည်းနည်းကြီးတော့ မီးဆော့တက်လာတဲ့ကောင်လေးက အိမ်ကို ပြာကျသွားစေတာမို့ ငယ်ငယ်လေးနက့် အိမ်မရှိ...

အခက်အခဲတွေကြားကနေ အိမ်ခန်း စငှားတဲ့အချိန်မှာ ကောင်လေးရဲ့အဖေက ကားမှောက်တယ်...ပီးတော့ ကောင်လေးရဲ့အမေ.. ကောင်လေးကို ကိုယ်ဝန်စလွယ် ထဲက နှလုံးရောဂါရလာသူမို့ ယောင်္ကျားဆုံးတဲ့သတင်းကြားပီးသိပ်မကြာခင် သေဆုံးသွားရပြန်တယ် ..
(ကောင်လေး=ရှောင်းကျန့်)

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now