The Blood Vessels 4

4.9K 501 47
                                    

Chapter  4

...............      ..................

"ရင်း..
လမင်းထပ်ပိုတောက်ပတဲ့ အရှိန်အဝါနက့် ရင်း..
ကြယ်စင်တွေထပ်ပိုလင်းလဲ့တဲ့ မျက်ဝန်းပိုင်ရှင် ရင်း...

ရင်း...
မင်းဟာ အချစ်ခံလူတန်းစားလေး..
မင်းဟာ မိသားစုရဲ့အသည်းပွတ်လေး...

ရင်း...
မင်းက ရေပြင်မှာလဲ ပျော်တဲ့ကလေး...
မင်းက ကြာပန်းတွေကို လဲကြိုက်တဲ့ကလေး..

ရင်း...
ကျိန်စာသင့်နေတဲ့ ငါ့ချစ်သူရင်း..
ကျိန်စာဖြေဖို့ လူပြန်ဝင်စားရမယ့်ရင်း...
ကျိန်စာကြောင့် မကောင်းမှုကိုလုပ်မိမယ့်ရင်း..

ငါ့ရဲ့ရင်း..  ................."

........................    ..........................

ဒီနေ့က ရှောင်ကျန့်တို့.. လန်မြို့ဟောင်းကို သွားတူးဖော်မယ့်နေ့.. ပစ္စည်းပစ္စရ ဘာညာ ယူပီး လာရုံပဲဆိုလို့.. ရှောင်ကျန့် အ၀တ်အစားအိတ် လေး နက့်ပေါ့ပေါ့ပါးပါးပဲ...

သူ့ဘေးမှာ အကုအဖြစ် ကျန်းချန်ကလဲ ပါလာသေးတယ်.. အဆင်တော့ပြေပါတယ်.. ဒီကိစ္စစဆေးနွေးတဲ့နေ့ထဲက ကျန်းချန် လူသစ်လေး စိတ်ဝင်စားမယ်ဆိုတာ ရှောင်ကျန့်ရိပ်မိသား...

ကားက Hotelကို အရင်ဝင်တယ် .. ကျန်းချန်နက့်သူ့ကို တစ်ယောက်တခန်းစီနေရာချပေးပီး ကျန်တဲ့ ဒေါက်တာပေါက်စတွေကတော့ နှစ်ယောက်တစ်ခန်း...

စုစုပေါင်းလူ ဆယ်ယောက်ပါတဲ့သူတို့အဖွဲ့က မနက်၂နာရီမှာ ခရီးရောက်ဆိုက်တာမို့.... အခုလောလောဆယိက hotel မှာအရင်ဝင်အိပ်တာက အကောင်းဆုံးပဲမလား...

.............

ရှောင်ကျန့် နိုးတော့ တချို့က ဆိုက်ထဲ(သုတေသနလုပ်ရန်တူးဖော်ထားသောမြေနေရာ)တောင်ဆင်းနေပီ..

မနက်စာစားနေတုန်း ကျန်းချန်က လာခေါ်တယ်.. အမြန်စာပီး ကျန်းချန်နောက်ကို လိုက်သွားတော့..မြေအောက်ပေများစွာထိ တူးထားတဲ့ မြေအောက်လိုဏ်ခေါင်းကနေ၀င်လာရတယ်....

အထဲက အရမ်းဝေးဝေးထိ လျှောက်လှမ်းလာပီးတဲ့နောက်မှာ..ဒေါက်တာလေးတွေနက့် တူးဖော်ရေးသမားတွေ.. ၀ိုင်းရံနေတဲ့ အုတ်ဂူလေးတစ်ခု..

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now