The Blood Vessels 8

4.8K 488 66
                                    

Chapter 8

............ ...............

ဖုန်းကြိုးကြီး တန်းလန်းကျနေတာကို အခုထိ မကောက်မိသေးတဲ့အပြင်.. စားပွဲ ကို မှီလျက် ဒူးထောက်ရပ်သား ဖြစ်နေတဲ့ လန်ကျန့်...

"ဝေ့ရင်း ကို ရှာတွေ့ပီတဲ့လား.."
အသံ တိုးတိုးလေး စကားပြောလိုက်တယ် ဆိုရုံလေး..

ချန်ချင်ပြောသွားတဲ့ အဲ့ ဒီစကားမှာ လန်ကျန့်ဦးရေးနှာက်ပျက်သွားတယ်.. ဘာမှစဉ်းစားလို့မရ.. ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့ပီး..

"ဝေ့ရင်းကို ပြန်တွေ့တယ်.. ဝေ့ရင်းကို.. ဝေ့ရင်းကိုပြန်တွေ့.."

လန်ကျနိ့ ရုတ်တရက်တိတ်ဆိတ်သွားတယ်..

တစ်စက္ကန့်..
နှစ်စက္ကန့်...
အခန်းထဲက နာရီစင်ကြီးဆီက လက်တံရွေ့လျားနေသံက တချက်ချက်...

၃... ၄ ..၅ စက္ကန့်...

တစ်မိနစ် ပြည့်ခါနီးချိန်မှာ လန်ကျန့် ၀ုန်းခနဲ ထရပ်တယ်.. အခန်းပြင်ကို ပြေးထွက်သွားတော့..

အပြင်မှာစောင့်နေတဲ့ သက်တော်စောင့်တွေနက့် အိမ်တော်ထိန်းက ချက်ချင်းပဲ သူ့အနားရောက်လာတယ်...

"သမ္မတကြီး အဆင်ပြေရဲ့..."

"အခုချက်ချင်း ၀န်ကြီးချုပ်ချန် ရှိတဲ့နေရာကို စုံစမ်း!!.. ငါလိုက်သွားမယ်.. ဘယ်သူမှမသိစေနက့်.. ပြောတာကြားကြလား အခုချက်ချင်းသိချင်တယ်.!!!"

လန်ကျန့် ရဲ့ စကားအောက်မှာ... အိမ်တော်ထိန်းနက့် သင်တော်စောင့်တွေပြာယာခက်ကုန်တယ်.. အမိန့်က မြန်တယ်.. ချက်ချင်းသိချင်တာတဲ့လေ..

...................................

ဟိုတယ် ကိုပြန်ရောက်ပီး အခန်းထဲ မှာ ပစ္စည်းသိမ်းရမယ့်ရှောင်းကျန့် ဖုန်းတလုံးကိုင်ပီး ဂနာမငြိမ်ဖြစ်နေတယ်...

သုတေသနလုပ်ဖို့ တူးဖော်ထားတဲ့ပစ္စည်ူအခိုးခံလိုက်ရကြောင်း ကျန်းချန်က ဌာနချုပ်ကို သတင်းပို့တော့.. ပါရဂူလတ်ရှီးချန်က တစ်ဖွဲ့လုံးကို ချက်ချင်းပြန်လာခိုင်းတယ်..

အခု ပြန်ဖို့ အထုပ်အပိုးပြင်ရမယ့်အချိန်မှာ ရှောင်းကျန့်က ဖုန်းတစ်လုံး ကိုင်းပီး ထိုင်လိုက်ထလိုက်ဖြစ်နေခြင်းပဲ.. ၀ိုင်တခွက်ကို လက်မှာကိုင်ထားပေမယ့် သူ့လက်တွေငြိမ်မနေဘူး...

The Blood Vessels... S2 (U+Z) { Completed }Where stories live. Discover now