🥂 ၁ 🥂

2.5K 117 1
                                    

[ Unicode ]

အချိန်အားဖြင့် ( ၁ ) နာရီ ။

ဒီအချိန် အိမ်ရှိလူအကုန်အိပ်ပြီဖို့ ခြေသံဖွနင်းကာ သူခိုးသိုင်းနှင့် လှမ်းဝင်ခဲ့လိုက်စဉ်... ။

ရုတ်တရက်လင်းလာသည့် မီးတွေကြောင့် ဇက်ကလေးပုကာ လှည့်ကြည့်လိုက်တော့ မီးဝင်းဝင်းတောက်နေတဲ့ မားမား ။

' Huang Ren Jun '

အောင်ညာလှတဲ့ မားမားရဲ့အသံအဆုံး နဂိုပိုင်ဆိုင်သည့် မျက်နှာသေးသေးလေးအား ဇီးရွက်ပမာ ငယ်ပြလိုက်သည် ။

' ရှိသမျှ ကလေကချေတွေနဲ့ ပေါင်း ၊ ရပ်ကွက်တကာ အလေလိုက် ၊ သူခိုးဂျပိုးတွေ ပြန်လာချိန်မှ ပြန်လာ '

တရပ်စက်ပွားနေသည့် မားမားစကားကြောင့် နားနှစ်ဖက်က မီးခိုးတွေပါ ပွင့်ထွက်လို့လာသည် ။

' Huang Ren Junငါပြောတာကြားလား '

' အမ် '

' ကြည့် နင် ငါလုပ်လိုက်တော့မယ် '

' Guanhengရာ ဆူညံနေတာပဲ '

အိပ်မှုံစုံမွှားနဲ့ ထလာတဲ့ ပါးပါးနောက် လှစ်ခနဲဝင်ကာ ပုန်းလိုက်ပြီး ပါးပါးနဲ့မားမားကို ထိပ်တိုက်တွေ့စေလိုက်သည် ။

' ဖယ် Xuxi ! ရှင့်သားက လွယ်တဲ့ကောင်မဟုတ်ဘူး ၊ မအေကသာ ပြောနေတာ သူကကြားတောင်မညှပ်ဘူး '

' မညှပ်လည်း မင်းပြောနေတာပဲ မဟုတ်လား Guanheng ၊ အချိန်လည်းကြည့်အုန်း ညဉ့်နက်နေပြီ ၊ ဘေးအိမ်တွေနဲ့ အားနာစရာ၊ ကဲ သွား Renjunသွားအိပ်တော့ '

' ဟုတ် ပါးပါး '

' Huang Ren Junနင်နဲ့ငါ ဇာတ်လမ်းမပြီးသေးဘူးနော် '

အပြင်ကနေ အော်ပြီးကျန်ခဲ့တဲ့ မားမားရှေ့မှ အလျင်အမြန်ပြေးထွက်ပြီး အခန်းထဲသို့ဝင်ခဲ့တော့ Injunက မျက်စောင်းထိုးလေသည် ။

' Gege '

' နင်မအိပ်သေးဘူးလား Injun '

အကျီင်္အားဆွဲလှန်ကာချွတ်ရင်း ကျနော်မေးတော့ Injunမျက်နှာမဲ့သည် ။

' ဒီလောက်ကမ္ဘာပျက်နေတာ ငါဘယ်လိုအိပ်မလဲ '

' မားမားက အလကားသက်သက်ပွားနေတာပါဟာ ၊ သွား သွားပြန်အိပ် '

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Where stories live. Discover now