🥂၂၈🥂

915 96 2
                                    

Unicode🥂

အတွေးပူတွေထဲ လူးလွန့်ရင်း ညလုံးပေါက် အိပ်၍မရနိုင် ။

ကြိတ်မှိတ်ကာ မျက်လုံးမှိတ်ကြည့်ပေမဲ့ ဘယ်လိုမှ အိပ်ပျော်မသွား ။

နောက်ဆုံး ငုတ်တုတ်သာထထိုင်ရတော့သည် ။

မွေ့ယာပေါ်မှာ တင်ပျဉ်ခွေချိတ်ပြီး ငူငူကြီးထိုင်ကာ Renjunကို လှည့်ကြည့်လိုက်တော့ ခြေကားယားလက်ကားယားနဲ့ အိပ်ပျော်နေသည် ။

အောက်ကိုကန်ထုတ်ထားတဲ့ စောင်အားဆွဲယူကာ ခြုံပေးလိုက်ပြီး Renjunကို ကြည့်ကာ ပြုံးလိုက်သည် ။

မင်းပဲကောင်းတယ် Renjun ။

ကုတင်ပေါ်မှဆင်းကာ ဂစ်တာကိုယူပြီး ဝရံတာသို့ထွက်ခဲ့လိုက်သည် ။

စိတ်ပြေလက်ပျောက် ဂစ်တာတီးဖို့တွေးလိုက်ပေမဲ့ အခန်းထဲမှာဆိုရင် Renjunနိုးသွားလိမ့်မယ် ။

ဝရံတာရှိခုံမှာထိုင်ကာ ဂစ်တာကို ဒေါင်ဒင်သံစဉ်ညှိလိုက်ပြီး လက်တွေကိုလှုပ်ရှားလိုက်သည် ။

အချိန်အတော်ကြာ သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ် တီးခတ်ရင်း လက်ထိပ်တွေတောင် အတော်လေးနာနေပြီ ။

သို့ပေမဲ့ ရင်ထဲက အပူတွေကပျောက်မသွား ။

Renjunကို ဘယ်သူကလုပ်တာလဲ ။

ဘာအတွက်လုပ်တာလဲ ။

" Jeno "

ခေါ်သံကြောင့် မော့ကြည့်လိုက်တော့ အိပ်မှုံစုံမွှားနဲ့ Renjunက အပေါက်ဝမှာရပ်နေသည် ။

" အိပ်ရေးပျက်သွားတာလား "

" အင်း "

" ဆောရီးကွာ ။ ငါအိပ်မရတာနဲ့ ဂစ်တာတီးလိုက်တာ "

" မင်းဂစ်တာသံကြောင့် နိုးလာတာမဟုတ်ပါဘူး ။ ငါ့ဘေးမှာမင်းမရှိလို့ နိုးလာတာ "

Renjunစကားကြောင့် သဘောကျစွာပြုံးလိုက်ပြီး ထိုင်နေရာမှ ထရပ်လိုက်သည် ။

" ကဲ လာ "

ဂစ်တာကိုတစ်ဖက်က ကိုင်ကာ Renjunကို တစ်ဖက်ကာ ဖက်ပြီး အခန်းထဲပြန်ဝင်ခဲ့တော့ Renjunက ဆူပုတ်ပုတ်လေး မွေ့ယာပေါ်မှာ ထိုင်လေသည် ။

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Where stories live. Discover now