[Unicode]
ဆောင်းတွင်းရောက်လာပြီမို့ အအေးဓာတ်က နှစ်ဆတိုးလို့လာသည် ။
လူများစွာနဲ့ ရှုပ်ထွေးပွေလီနေသည့် ညဈေးတန်းအား လျှောက်ရင်း Fashionဆိုင်တစ်ခုသို့ ဝင်ရောက်ခဲ့လိုက်သည် ။
ပုံစံစုံ ဒီဇိုင်းမျိုးစုံနဲ့ အနွေးထည်လေးတွေက အရောင်းဆန်းလေးတွေနဲ့ လှလွန်းတာမို့ အိတ်ကပ်ထဲရှိ ဘောပွဲနိုင်လာသည့် လောင်းကြေးတို့အား နှိုက်ယူကာ Injunအတွက် အနွေးထည်တစ်ထည် ဝယ်ယူလိုက်သည် ။
ဝန်ထမ်းကောင်မလေး ထုတ်ပိုးပေးလိုက်သည့် ပါဆယ်အိတ်လေးအား ကိုင်ကာ Hoodieထဲ လက်နှိုက်ရင်း ပြန်အထွက် ။
အဝင်ဝမှာ ထိတိုက်လုမတတ်နီးကပ်သွားသည့် လူတစ်ယောက်အား ရှောင်ရှားရင်း တံခါးမှန်နဲ့ကျောက ထိစပ်လို့သွားသည် ။
ခဲပုတ်ရောင်suitနဲ့ ခန့်ညားစွာ လှမ်းဝင်လာသည့် ထိုလူက ကျနော်တို့အရွယ်သာသာပဲ ရှိအုန်းမည် ။
မသကာကြီးလှ တစ်နှစ် နှစ်နှစ်ပေါ့ ။
ဆိုင်ထဲ၌ လက်ညှိုးညွှန်ကာ မှာတမ်းတွေခြွေနေတဲ့ ထိုလူက ဆိုင်ပိုင်ရှင်ဖြစ်ပုံရမည် ။
သူများတွေများ ကောင်းလိုက်တာ ။
တကယ့်ရွှေပေါ်မြတင်တွေ ။
Ring ~ Ring
' အေး Injun ၊ ခဏစောင့် ငါလာပြီ '
ဆိုင်ထဲမှထွက်ကာ ကားဂိတ်ဆီသို့ အလျင်အမြန် လျှောက်ခဲ့လိုက်သည် ။
ကားပေါ်ကဆင်းကတည်းက နောက်ကနေတောက်လျှောက်ပါလာတဲ့လူကြောင့် သူမကြောက်ဒူးတို့တုန်နေမိတယ် ။
Renjunဆီဖုန်းဆက်ပေမဲ့ လဒလေးက ဘာတွေလုပ်နေလို့ အဲ့လောက်ကြာနေတယ်မသိဘူး ။
လမ်းထိပ်မှာ ဟိုကြည့်ဒီကြည့်လုပ်နေရင်း တစ်လှမ်းချင်းCatwalkလျှောက်လာတဲ့ Renjunလက်အား ပြေးဆွဲလိုက်ပြီး …
' မြန်မြန်လာပါ အဖေရဲ့ '
' ဘာလဲဟ '
' ငါနောက်ကိုလူလိုက်လာလို့ '
ချစ်လှစွာသော အကိုရဲ့လက်အား တင်းတင်းဆုတ်ကိုင်ကာ ခပ်တိုးတိုးပြောလိုက်သည် ။
YOU ARE READING
FanfictionNoRen💚 BL JaeJun💚 Normal