🥂၂၃🥂

945 109 11
                                    

Unicode

Laptopတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ကျွန်တော့်ဘေး ဖုန်းအားကိုင်ကာ အသံကုန်ဟစ်ပြီး Gameဆော့နေတဲ့ Renjun ။

ခေါင်းကိုစောင်းငဲ့ကြည့်ကာ ပြုံးလိုက်ပြီး အလုပ်ကိုဆက်လုပ်နေလိုက်သည် ။

" Jeno "

" အွန်း "

" ငါ့ကိုဒါလေးနိုင်အောင်တိုက်ပေး "

" ငါအလုပ်လုပ်နေတယ်လေRenjun "

" မင်းအလုပ်တွေ ခဏထားပြီး ဒါလေးဆော့ပေးစမ်းပါ "

" ရှုပ်ပြန်ပြီ ။ ပေး "

ဖုန်းအားလှမ်းယူကာ ဆော့နေတဲ့ ကျွန်တော့်ပခုံးပေါ် မေးလေးတင်ကာ စိတ်ဝင်တစားကြည့်နေသည် ။

" ဒီဘက်ကကောင်ကိုအရင်သတ်လိုက်ပါလား "

" အဲ့လိုလုပ်လို့မရဘူး "

" ဘာလို့မရရမှာလဲ "

" ရှုံးသွားမှာပေါ့ကွ "

" ဒီကနေ ကွယ်ပစ်ရင်ရော "

" ဟိုပေါ်ကနေ ပစ်ချရင် သေသွားမှာပေါ့ "

Renjunမေးသမျှကို ပြန်ဖြေရင်း Gameကိုအာရုံစိုက်ထားလ်ိုက်သည် ။

" ရော့ "

Sofaပေါ်ပက်လက်လှန်နေသည့် Renjunရင်ဘတ်ပေါ် ဖုန်းတင်ပေးလိုက်ပြီး ။

" ဘာလဲရှုံးသွားပြီလား "

" ကြည့်လေ "

" Wow တကယ်နိုင်သွားတာလား "

ခေါင်းလေးတစ်ခါခါနဲ့ Renjunပျော်နေသည် ။

" နိုင်အောင်ဆော့ပေးလို့ ငါ့ကိုဘာပေးမှာလဲ "

" ဆော့ပေးတဲ့အနေနဲ့ မင်းကငါ့ကိုမုန့်လိုက်ကျွေး "

" အော် အေး  အေး တရားတယ်နော် "

" လုပ်ပါJenoရာ ။ ငါဗိုက်ဆာလို့ "

" မိုးချူပ်နေပြီလေ "

" ဘာဖြစ်လဲ Night outပေါ့ ။ ဘယ်လိုလဲ "

Renjunစိတ်အားထက်သန်နေတာမို့ ကျွန်တော်ခေါင်းညိတ်ပြလိုက်သည် ။

ခပ်အေးအေးတိုက်နေတဲ့ဆောင်းလေကြား ဝေ့ဝိုက်ပါလာတဲ့ နှင်းစက်ဖွေးဖွေးတွေ ။

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Hikayelerin yaşadığı yer. Şimdi keşfedin