UNICODE
အခွင့်အရေးရရင် ရသလို Jenoက Jung Haejinအကြောင်းကို ပြောချင်နေမှန်းသိပေမဲ့ သူမကြားချင်တာကြောင့် စကားလမ်းကြောင်းတွေ တောင်တောင်မြောက်မြောက်လွှဲပစ်လိုက်သည် ။
Jenoနဲ့Jung Haejinရဲ့ ပတ်သတ်မှုကို သူသိလည်းမသိချင်သလို စိတ်လည်းမဝင်စား ။
သူသိတာ အချိန်တန်ရင် သူနဲ့Jenoရဲ့ ဟန်ဆောင်ဇာတ်လမ်းက ပြီးဆုံးသွားမှာ ။
နှုတ်ဆက်ဖို့မလိုအပ်သလို အမှတ်တရတွေကိုလည်း သိမ်းဆည်းထားမှာမဟုတ်တဲ့ လမ်းခွဲခြင်းမျိုးနဲ့ နှစ်ဦးသဘောတူပြတ်စဲကြမှာ ။
" Renjun "
ကားပေါ်က ဆင်းဆင်းချင်း နောက်ကနေလက်အားဆွဲကာလှည့်လိုက်တာမို့ သူ့ကိုယ်လေး ကားနှင့်ကပ်သွားသည် ။
" ငါပြောနေတဲ့စကားတွေကို မင်းဘာလို့ အရေးမလုပ်တာလဲ Renjun "
" မလိုအပ်ဘူးလို့ထင်လို့ "
Jenoမျက်မှောင်ကြုတ်သည် ။
" မလိုအပ်ဘူး ၊ မင်းနဲ့ငါနဲ့ကြားက သဘောတူညီမှုကို မေ့သွားတာလား "
" ဘာမဟုတ်တဲ့ စာရွက်ပေါ်လက်မှတ်ထိုးထားတာနဲ့ပဲ မင်းရှေ့မှာ ငါကဒူးထောက်ခစားရတော့မှာလား "
" Huang Renjun "
ဟိန်းထွက်လာသည့် Jenoအော်သံကြောင့် လမ်းသွားလမ်းလာများရဲ့ အကြည့်တွေက စုပြုံကာရောက်ရှိလို့လာသည် ။
" မင်းငါ့ကိုလူကြားထဲမှာ မအော်နဲ့Lee Jeno "
" ငါမှားတာ ၊ မင်းလိုကောင်ကိုမှ အသုံးကျမယ်ထင်ပြီး ရွေးချယ်ခဲ့မိတာ ငါမှားတာ "
" မင်းမသိဘူးလား Huang Renjunဆိုတဲ့ ငါကအမှိုက်လိုကောင်ဆိုတာ "
" မင်းငါ့ကိုစိန်မခေါ်နဲ့ Huang Renjun ၊ ငါ့ရဲ့လုပ်ပိုင်ခွင့်တွေနဲ့ မင်းကိုအမှုန့်ချေပစ်လိုက်လို့ရတယ် ၊ နားလည်ထား "
" လုပ်စမ်းပါ ၊ Huang Renjunဆိုတဲ့ ငါက ဘာမှမကြောက်တတ်ဘူး ရှင်းလား "
Lee Jenoမျက်နှာနားတိုးကပ်ကာ သူစိန်ခေါ်လိုက်သည် ။
တောက်ခေါက်သံတစ်ခုက နားထဲဝင်လာပေမဲ့ ခပ်အေးအေးပင် လေချွန်ကာ ဆိုင်ထဲလှမ်းဝင်ခဲ့လိုက်တော့သည် ။
ŞİMDİ OKUDUĞUN
Hayran KurguNoRen💚 BL JaeJun💚 Normal