Unicode
တကယ်တော့ Haejinက ငါ့ရည်းစားဟောင်း Renjun ။
နားထဲကမထွက်သေးတဲ့အသံကြောင့် မျက်စိရှေ့က Jung Haejinအား လှေကားထစ်နားကနေ ရပ်ကာ ကျွန်တော်စိုက်ကြည့်လိုက်သည် ။
ကပိုကရိုဆံပင်လေးကို နောက်မှာခပ်လျော့လျော့ စည်းထားပြီး ပုံမှန်ဂါဝန်လေးနဲ့တောင် ဆွဲဆောင်မှုရှိပြီး လှလွန်းပါသည် ။
Jenoကြွေလည်း ကြွေချင်စရာပဲ ။
" Renjunလာလေ "
လှမ်းခေါ်လိုက်တဲ့ အသံက Jenoဆီက ။
သူလည်းရှိနေတာလား ။
ရှုပ်ပွနေတဲ့ ဆံပင်တွေအား လက်ချောင်းတွေနဲ့ ပိုမိုထိုးဖွကာ Jenoဘေးက ခုံတစ်ခုံအားဆွဲကာ ဝင်ထိုင်လိုက်သည် ။
" အလုပ်မသွားဘူးလား "
" ဒီနေ့က တနင်္ဂနွေနေ့လေ Junရဲ့ "
" အော် "
စားပွဲပေါ်တင်ထားသည့် ပန်းကန်ထဲမှ စတော်ဘယ်ရီသီးတစ်လုံးအားယူကာ ပါးစပ်ထဲထိုးထည့်ပစ်လိုက်သည် ။
" ဆံပင်တွေလည်းရှုပ်ပွနေတာပဲ "
လက်ချောင်းများကိုအသုံးပြုကာ Jenoက ကျွန်တော့်ဆံပင်တွေကို သေသေသပ်သပ် ဖြစ်အောင် ဖီးသင်ပေးနေသည် ။
" Morning Renjun "
အငွေ့တထောင်းထောင်းထနေတဲ့ ပန်းကန်အား စားပွဲဝိုင်းပေါ်တင်ရင်း Jung Haejin နှုတ်ဆက်တာမို့ ပြန်လည်နှုတ်ဆက်လိုက်သည် ။
" Morning "
" အိပ်ရေးမဝလို့လား မျက်နှာကြီး ဆူပုတ်နေတာပဲ "
" အွန်း "
မျက်လုံးစုံမှိတ်ကာ ခုံနောက်ကိုပက်လက်လှန်ကာ မှီနေတဲ့ ကျွန်တော့်ခေါင်းကို Jenoက သူ့ပခုံးပေါ် ဆွဲယူလေသည် ။
" အိပ်ချင်တာများ အိပ်နေပါလား "
" ကိုကိုမှမရှိတာ "
တမင်တကာပင် နှုတ်ခမ်းလေးဆူကာ ကျွန်တော်ပြန်ဖြေလိုက်သည် ။
" မျက်နှာသစ်ပြီးပြီလား "
" အွန်း "
" ရေဘာလို့ချိုးမလာတာလဲ "
YOU ARE READING
FanfictionNoRen💚 BL JaeJun💚 Normal