🥂၁၃🥂

838 110 9
                                    

Unicode

" သမီး "

အနားကပ်၍ လာထိုင်သည့် မားမားကြောင့် Jenoအား စစ်ကူတောင်းသလို လှမ်းကြည့်လိုက်တော့ မသိချင်ယောင်ဆောင်ကာ သူ့အလုပ်သူဆက်လုပ်နေသည် ။

" ဟုတ် "

" မားမား သမီးကိုတိုးတိုးလေး မေးစရာရှိတယ် "

" ဟုတ် မေးလေ မားမား "

" Jenoလေးက ကောင်းလား "

" တစ်ခါမှမစမ်းရသေးဘူး "

" ဟဲ့ ဘာကိုစမ်းမှာလဲ "

" မသိဘူးလေ ၊ မားမားက ကောင်းလားဆို "

" မားမားမေးတာ သမီးအပေါ် ကောင်းလား ၊ ကြင်ကြင်နာနာရှိလား ၊ အဲ့ဒါမေးတာလေ "

" အော် အဲ့ဒါလား "

" ငါ့သမီးက ဘာထင်နေတာလဲ "

" ဟိုဟာ "

" အဲ့ဒါပဲတွေးနေ ၊ တဖြေးဖြေးနဲ့ နင့်အကို ငပွေးနဲ့တူလာပြီ သိလား "

" မားမားကဘာသာ အဆုံးမရှိ အစမရှိမေးပြီးတော့ "

" ဒါနဲ့ သားအမိချင်းမို့လို့ မေးလိုက်အုန်းမယ် ၊ သမီး ဟိုဆေးတွေရော သုံးရဲ့လား "

" ဘာဆေးလဲ "

" တားဆေးလေ "

" အာ မသုံးပါဘူး ၊ ဘာကိစ္စ သုံးရမှာလဲ "

" ဟဲ့ ဒါဆို နင်တို့က ဟိုဒင်းဟိုဟာမပြုဘူးလား "

" အာ မားမားကလည်း "

တော်တော်ပေါက်ပေါက်ရှာရှာ မေးတဲ့မားမားရယ်ပါ ။

" ဖြေစမ်းပါ "

" အဲ့ဒါကတော့ မားမားတို့လိုပဲပေါ့ "

" တစ်လကိုဘယ်နှစ်ကြိမ်အတူနေလဲ "

လုပ်လာပြီ ။

Huang Injunဆိုရင်တော့ ရှက်ပြီးသေသွားနိုင်ပေမဲ့ ဒါကHuang Renjunဆိုတာ မားမားမသိရော့သလား ။

" Korea လေယာဉ်လိုင်းပြေးဆွဲတဲ့အတိုင်းပဲ "

ရွဲ့ကာဖြေလိုက်တဲ့ အဖြေကြောင့် မားမားငြိမ်ကျသွားသည် ။

သို့ပေမဲ့ လက်ချောင်းလေးတွေကတော့ လှုပ်ခတ်လို့နေသည် ။

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Where stories live. Discover now