Unicode
" မျက်နှာလည်းမလန်းပါလား Haejin "
လက်ဖျစ်တစ်ချက်တီးကာ ခုံမှာဝင်ထိုင်ရင်း မေးလာသည့် Minguကို စိတ်ပျက်စွာ သူမကြည့်လိုက်သည် ။
" မျက်နှာကြီးကလည်းကွာ ။ ဘယ်လိုဖြစ်တာလဲ "
" စိတ်တွေရှုပ်လို့ Mingu "
" Lee Jenoနဲ့အဆင်မပြေဘူးလား "
သူမခေါင်းကိုခါယမ်းလိုက်သည် ။
" ဒါဆိုပြေတယ်ပေါ့ "
" ငါစိတ်ညစ်နေတယ် Gang Mingu "
" ညစ်နေတဲ့အကြောင်းပြောပြလေ "
" ငါမောင့်ကိုဘယ်လိုမှအဆုံးအရှုံးမခံနိုင်ဘူး Mingu "
" Lee Jenoက နင့်ကိုချစ်ပါတယ် "
" သိတယ် ။ အဲ့လိုချစ်တာကြောင့်လည်း ငါ့ပလိုင်းထဲကဖား ဘယ်အချိန်ထုတ်ရိုက်ရိုက် ရတယ်ဆိုပြီး ပေါ့လိုက်တာ ။ အခု ကိုယ့်ရည်းစားကိုယ်ပြန်လုနေရတဲ့အဖြစ် "
မေးထောက်ကာ စိတ်ပျက်သလို ပြောလိုက်တော့ Minguက ရယ်သည် ။
" ဘာရယ်တာလဲ "
" လျှော့တွက်တာကိုကွ "
" ငါစဉ်းစားနေတာ Mingu ။ Jenoမိန်းမကလေ ပုံမှန်မဟုတ်ဘူး "
" ရူးနေတာလား "
" ရူးနေတဲ့လူကို Jenoက ယူမလား ။ အခုဟာက ရူးတာထက်ပိုဆိုးတယ် "
" ပိုဆိုးတယ် "
" ဟုတ်တယ် ။ သူကလေ မိန်းကလေးသာပြောတယ် ။ ဘယ်နေရာမှ မိန်းမနဲ့မတူတာ "
" ဒါဆိုယောက်ျားကြီးလား "
" မပြောတတ်ဘူး "
" နည်းနည်းတော့ စဉ်းစားစရာပဲနော် Haejin "
" နည်းနည်းမဟုတ်ဘူးဟေ့ ။ များများ ။ တကယ့်ကို ငါ့အတွက်တော့ ခလုတ်ကန်သင်းပဲ ။ နင်မသိလို့ မောင်က သူ့ကိုသိပ်ဂရုစိုက်တာ ။ သူသေအောင်မူးလာလည်း မောင်ကပြုံးပြီးတွဲတာပဲ ။ ကောင်လေးတွေနဲ့ ပခုံးဖက်ပေါင်းလည်း မောင်ကကြည်ကြည်ဖြူဖြူ ခွင့်ပြုထားတာပဲ ။ တစ်ခါတစ်လေ သူစိတ်အခန့်မသင့်လို့ အိမ်အကူတွေကိုအော်လိုက်တာနဲ့ မောင်က ချက်ချင်းအလုပ်ဖြုတ်ပစ်တာ "
YOU ARE READING
FanfictionNoRen💚 BL JaeJun💚 Normal