🥂၂၉🥂

856 99 4
                                    

Unicode

" Jeno "

Doyoung Hyungခေါ်သံကြောင့် မှန်တံခါးချပ်တွေရဲ့အပြင်ဘက်ကို ငေးကြည့်နေရင်းကနေ လှည့်ကြည့်လိုက်သည် ။

Doyoung Hyungက Managerဆိုပေမဲ့ ကျွန်တော့်ရဲ့ဆရာလို့လည်း ပြောလို့ရသည် ။

ဒယ်ဒီဆုံးပြီးကတည်းက ဘာဆိုဘာမှမသိတဲ့ ကျွန်တော့်ကို ကိုယ်ပိရင်ဖိ သင်ကြားပြသခဲ့လို့သာ Neo Hotelရဲ့CEOနေရာမှာ ကျွန်တော်ရပ်တည်နိုင်နေခဲ့တာ ။

Hyungကို လေးလည်းလေးစားသလို အားလည်းကိုးသည် ။

" Hyungထိုင်လေ "

" Jeno မင်းဘာလို့ Kang Min Haကို Huang Renjunဆီ လွှတ်လိုက်တာလဲ "

Doyoung Hyungစကားတွေထဲ စိုးရိမ်မှုတွေ ရောထွေးနေမှန်းသိပေမဲ့ ကျွန်တော်ပြုံးယုံသာ ပြုံးလိုက်သည် ။

" Min Haကိုယုံလို့ရပါတယ် Hyung "

" ယုံလို့မရဘူးလို့ Hyungပြောချင်တာ မဟုတ်ဘူး Jeno ။ သူက ရဲအရာရှိတစ်ယောက် Huang Renjunအတွက် လုံခြုံမှုကို အပြည့်အဝပေးနိုင်တယ်ဆိုတာကို ယုံတယ် ။ ဒါပေမဲ့ Renjunကို အသုံးချပြီး သူအမှုလိုက်မယ်ဆိုတာကို သိရဲ့သားနဲ့ သေမင်းနှုတ်ခမ်းဝကို Renjunကို ထည့်ပေးလိုက်တာကို Hyungအံ့သြတာ "

" အဲ့ဒါ ကျွန်တော့်အစီအစဉ် Hyung ။ Renjunကို ဒီနွံထဲက ဆွဲထုတ်ဖို့ အားလုံးနဲ့တိုင်ပင်ပြီးမှ ကျွန်တော်ဒီလမ်းကို ရွေးခဲ့တာ ။ ကျွန်တော်ပြောကြည့်ပြီးပြီ ။ နည်းလမ်းမျိုးစုံနဲ့ ကျွန်တော်ဖျောင်းဖျပြီးပြီ ။ Renjunရဲ့ဝါသနာက တားမရဘူး ။ အဲ့ဒါကြောင့် Min Haကို အကျိုးအကြောင်း ရှင်းပြပြီး အကူအညီတောင်းလိုက်တာ "

" တကယ်လို့ Renjunကို ထိခိုက်စေမယ်ဆိုရင်ရော "

" ကျွန်တော်ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး Hyung "

" အပျော်ကနေ အပျက်ဖြစ်သွားရင် မကောင်းဘူးJeno ။ ဘာပဲဖြစ်ဖြစ် မျက်ချည်တော့ မပြတ်စေနဲ့ "

" စိတ်ချပါ Hyung ။ Renjunကို ကျွန်တော့်အသက်ထက်ပိုပြီး ချစ်ခဲ့တာပါ "

ကော်ဖီတစ်ငုံအား မြိုချရင်း အတွေးတွေကို ခေတ္တနယ်ချဲ့လိုက်သည် ။

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Where stories live. Discover now