🥂၁၉🥂

829 108 6
                                    

Unicode

" Renjunငါတို့ပြန်ရအောင် "

နောက်ကနေ လာကာတွယ်ကပ်ခေါ်နေတဲ့ Hyuckကို ခေါင်းခါပြလိုက်သည် ။

" မပြန်ဘူး Hyuck "

" မင်းအဲ့လိုခေါင်းမာမနေနဲ့လေ Renjun "

" Lee Jenoလာမခေါ်မချင်း ငါမပြန်ဘူး "

ဆုံးဖြတ်ပြီးရင် ဘယ်တော့မှမပြင်တတ်တဲ့ အကျင့်က ကျွန်တော့်ရဲ့မွေးရာပါဗီဇတစ်ခု ။

" Renjun ငါပြောတာကို မင်းသေချာနားထောင် ။ တစ်ယောက်တည်းနေခဲ့လို့မဖြစ်ဘူး "

" ငါ့ကိုစိတ်ပူမနေပါနဲ့Hyuck ။ မင်းတို့ဘာသာပြန်နှင့်ကြ ။ Lee Jenoပိုင်တဲ့ ဒီHotelမှာ ငါဘယ်နည်းနဲ့မှ အန္တရာယ်မဖြစ်နိူင်ဘူး "

" ငါစိတ်မကောင်းအောင် မင်းလုပ်နေတာလား Renjun "

ချော့ပြောနေသည့် Hyuckရဲ့လက်ကိုကိုင်ကာ ထပ်မံခေါင်းခါပြလိုက်သည် ။

" ငါဒီမှာနေချင်သေးလို့ပါ Hyuck "

" ဒါပေမဲ့ "

" မင်းတို့သာ ဂရုစိုက်ပြန်ကြပါ ။ ငါ့အတွက်မပူနဲ့ "

" Gege "

Injunကပါ အနားကိုရောက်လာပြန်သည် ။

" ငါတို့ပြန်ရအောင်ပါနော် "

" Injun "

" Gegeငါ့စကားနားထောင်ပါနော် ။ နင်တကယ်လို့ ခဲအိုဆီမပြန်ချင်ရင် ငါတို့နဲ့လိုက်နေလေနော် "

" Injunပြောတာဟုတ်တယ် ယောက်ဖ ။ ဒီမှာတော့ တစ်ယောက်တည်းမနေခဲ့ပါနဲ့ "

Jaeminကပါ ဝင်ဖျောင်းဖျနေသည် ။

" Jaemin Hyungပြောတာ ဟုတ်တယ် Hyung ။ Hyungမနေချင်ရင် ကျွန်တော့်အိမ်လာနေလည်းရတယ် "

" ငါ့အတွက် အပင်ပန်းခံမနေကြနဲ့ ။ ငါဒီမှာ တစ်ရက်နှစ်ရက်လောက်နေအုန်းမယ် ။ ပြီးမှ ပြန်လာခဲ့မယ် ပြန်ကြ "

" Renjun "

" ငါ့ကိုနားလည်ပေးကြစမ်းပါ "

လှည့်ကာအော်လိုက်တော့ Hyuckက ခေါင်းခါကာ ကားပေါ်တက်သွားသလို Jaeminကလည်း Injunကို ခေါ်သွားသည် ။

Jisungနဲ့Chenleလည်း ကားပေါ်တက်သွားပြီ ။

ကားတွေအကုန်လုံးထွက်ခွာသွားမှ အခန်းထဲဝင်ကာ အိပ်ပစ်လိုက်သည် ။

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Onde histórias criam vida. Descubra agora