🥂Final🥂

1.3K 129 12
                                    

Unicode

" Morning "

နှုတ်ဆက်အနမ်းလေးတွေနဲ့ မနက်ခင်းက ပိုမိုထူးခြားနေတာမို့ လခြမ်းကွေးမျက်ဝန်းလေးတွေတောင် ပွင့်ဟလို့လာသည် ။

" Renjun "

မွေ့ယာပေါ်မှာ ကိုယ်တစ်ခြမ်းစောင်းဝင်ကာ ထိုင်နေသည့် Renjunပေါင်ပေါ် ခေါင်းလေးပြောင်းလိုက်ပြီး နှစ်ခြိုက်စွာ ရင်ခွင်ထဲတိုးဝင်ဖက်တွယ်လိုက်တော့ Renjunပြုံးနေသည် ။

" ထတော့ ၈နာရီထိုးနေပြီ "

" မထချင်တော့ဘူး "

" အလုပ်သွားရမယ်လေ "

" မင်းအနားမှာပဲနေချင်တယ် "

" ငါဒီနေ့မင်းနဲ့Hotelကိုမလိုက်တော့ဘူး "

" ဘာလို့လဲ "

" Injunဆီသွားမလို့ "

" အော် "

" ကဲ ထပြီး ရေသွားချိုးတော့ ။ ငါမင်းကြိုက်တဲ့ အမဲသာရေညှိဟင်းချိုလုပ်ထားပေးတယ် "

" agioo ချစ်ဖို့ကောင်းလိုက်တာ "

ပါးလေးနှစ်ဖက်အားဆွဲကာ Renjunနှုတ်ခမ်းကို ခပ်ဖွဖွနမ်းပြီး ငုတ်တုတ်ထထိုင်လိုက်သည် ။

" သွား ရေချိုးတော့ "

" မင်းပါချိုး "

" ငါကချိုးပြီးပြီလေ "

" ချိုးပြီးလည်း စောစောက ဟင်းချက်တာနဲ့ ချွေးတွေပြန်ထွက်လို့ နံနေပြီ ။ လာ "

လက်ကနေဆွဲကာ ရေချိုးခန်းထဲထည့်ပြီး တံခါးပိတ်ပစ်လိုက်သည် ။

" ညနေ ငါ့ကိုမားမားတို့အိမ်မှာ လာဝင်ကြိုအုန်းနော် "

" ကားယူမသွားဘူးလား "

" ဟင့်အင်း "

" Ok Ok "

Necktieအားစည်းပေးနေသည့် Renjunခေါင်းလေးအား လက်ဖြင့်ခပ်ဖွဖွပွတ်သပ်လိုက်ပြီး ကျေနပ်စွာပြုံးလိုက်သည် ။

" ဘာပြုံးတာလဲ "

" မင်းကအရမ်းချစ်ဖို့ကောင်းတာပဲလို့ တွေးမိလို့ပါ "

" အပိုတွေပြောမနေပါနဲ့ ။ သွားမယ် "

" Renjun "

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Where stories live. Discover now