Unicode
စိတ်ပျက်ပျက်နဲ့ Sofaပေါ် ထိုင်ချလိုက်တဲ့ ကျွန်တော့်ကို Hyuckက ခပ်တွေတွေ ငေးစိုက်ကြည့်နေသည် ။
စားပွဲပေါ်တင်ထားသည့် ဆိုဂျူပုလင်းအား ကောက်ယူကာ တစ်ဆုံးမော့၍ ဒေါသတို့ကို မျှောချပစ်လိုက်သည် ။
Lee Jenoမကောင်းတဲ့ကောင် ။
ငါဘာမှားလို့လဲ ။
ဖြစ်ခဲ့သမျှမှာ ငါဘာမှားလို့ ခွေးတစ်ကောင်လို မောင်းထုတ်တာလဲ ။
" တောက်!!! "
" ဘာဖြစ်လာတာလဲ Renjun "
ပေါင်အားဆုတ်ကိုင်ကာ Hyuckကစိတ်ပူစွာ မေးလေသည် ။
" Sorry Hyuck !! မင်းတို့မင်္ဂလာပွဲအတွက် အခြားHotelပဲငှားလိုက်ပါ "
" Lee Jenoနဲ့ပြဿနာတက်လာလို့လား "
ကျွန်တော်မဖြေချင်ပါ ။
Lee Jenoက အမြဲတမ်း သူ့အတ္တကိုပဲ ရှေ့တန်းတင်တတ်တဲ့သူပဲလေ ။
" Renjun "
" ငါတောင်းပန်ပါတယ် Hyuck ၊ မင်းတို့အတွက် ငါဘာမှမတက်နိုင်ခဲ့လို့ "
" ငါကရတယ် Renjun ၊ ကိစ္စမရှိဘူး ၊ Neo Hotelကိုရွေးတာကလည်း မင်းမျက်နှာကြောင့်ပဲ ၊ ပြောင်းလိုက်လို့လည်း ကိစ္စမရှိဘူး ၊ ငါစိုးရိမ်တာက ငါတို့အတွက်နဲ့ မင်းနဲ့Lee Jenoစကားများမှာကိုပဲ "
Hyuckရဲ့ပူပန်မှုက ကျွန်တော့်အတွက်တော့ မထူးဆန်းတော့ ။
ကျွန်တော်နဲ့Lee Jeno ရန်ဖြစ်တာက အဆန်းမှမဟုတ်တော့တာ ။
" မင်းဂျယ်ဂျူကိုတော့လိုက်မယ်မဟုတ်လား "
" လိုက်မှာပေါ့ "
" Lee Jenoကိုရော ပြောပြီးပြီလား "
" မလိုပါဘူးကွာ ၊ ငါ့စိတ်နဲ့ငါ့ကိုယ်ပါ "
Hyuckကခေါင်းညိတ်သည် ။
" သိပ်မသောက်နဲ့ "
ပုလင်းအားလှမ်းဆွဲကာ ပြောလာသည့် Hyuckစေတနာကိုသိပေမဲ့ ပြန်ဆွဲကာ ထပ်မော့လိုက်သည် ။
မသိဘူး သောက်မှာပဲ ။
_____
" ဆရာ ဧည့်သည်ရောက်နေပါတယ် "
YOU ARE READING
FanfictionNoRen💚 BL JaeJun💚 Normal