Unicode
* ဒေါက် *
ခေါင်းကိုထိမှန်ကာ အောက်သို့ပြုတ်ကျသွားသည့် အရာတစ်ခုကြောင့် ဒူးကိုကွေးညွှတ်၍ထိုင်ကာ ကောက်ယူလိုက်တော့ ဘီယာဘူးခွံတစ်ခု ။
ခေါင်းကိုစောင်းငဲ့ကာကြည့်လိုက်တော့ ဘီယာသောက်ကာ ခပ်ထေ့ထေ့ကြည့်နေတဲ့ လူတစ်စု ။
ငြိမ်နေတဲ့မြွေကိုတော့ ခေါင်းပုတ်ပြီးနှိုးနေပြီ ။
လက်ထဲ၌ကိုင်ထားသည့် ဘူးခွံအား အားနှင့်လွှဲပစ်ကာ ထိုင်ရာမှထလိုက်ပြီး ထိုလူတွေရှေ့ လျှောက်သွားလိုက်သည် ။
" ရန်စတာလား "
အုတ်ခုံပေါ်ခြေထောက်တစ်ဖက်တင်ကာ အနီးကပ်စိုက်ကြည့်၍ ကျွန်တော်မေးလိုက်တော့ ထိုလူရဲ့လက်ဖဝါးက ကျွန်တော့်မေးဖျားရောက်လာသည် ။
" ချစ်စရာမျက်နှာလေးနဲ့ လူမိုက်သွေးခွဲစကားတွေ မပြောစမ်းပါနဲ့ ကလေးရယ် "
လက်အားပုတ်ထုတ်ကာ မျက်နှာအားတံတွေးနဲ့ ထွေးထုတ်လိုက်သည် ။
" ရုပ်ကြမ်းကြီး ရွံစရာတွေလာမပြောနဲ့ ။ နားသနတယ် "
လှည့်ထွက်ဖို့ပြင်လိုက်ပေမဲ့ လှမ်းဆွဲလိုက်တဲ့ လက်တို့ကြောင့် လေပူတို့ကိုမှုတ်ထုတ်ကာ ကိုယ်ကိုဝိုက်ပြီး ခြေထောက်နဲ့ပိတ်ကန်ပစ်လိုက်သည် ။
" လူကသေးပေမဲ့ အစွယ်ကမသေးဘူးပဲ "
" ငါလည်းညစ်နေတာနဲ့အတော်ပဲ စိတ်ပြေလက်ပျောက် တစ်ပွဲတစ်လမ်းစမ်းကြည့်ကြမလား "
" ရတာပေါ့ "
အရှိန်နဲ့လာတဲ့လက်သီးအားရှောင်ကာ လက်ကိုရိုက်ချပြီး နှာနုရိုးကိုလက်သီးတစ်လုံး ပစ်ကြွေးလိုက်သည် ။
" မင်း "
" ငါကအကောင်သေးပေမယ့် အဆိပ်ပြင်းတယ် "
နှာခေါင်းကနေစီးကျလာတဲ့ သွေးတို့အားသုတ်ပြီး ဘယ်ဝိုက်လက်သီးတစ်လုံး ထပ်ရောက်လာတာမို့ ရှောင်လိုက်စဉ် နောက်ကနေဖက်ကာချူပ်လိုက်တဲ့ လူတစ်ယောက် ။
" မင်းသတ္တိရှိရှိ one by oneချပါလား "
" ငါကမင်းလောက်မှသတ္တိမရှိတာ ကောင်လေးရဲ့ ဟားဟား "
YOU ARE READING
FanfictionNoRen💚 BL JaeJun💚 Normal