🥂၁၈🥂

848 105 9
                                    

Unicode

" Hyuck!! "

အပြင်မှာထိုင်နေတဲ့ Lee Min Hyungကိုကျော်ကာ အခန်းထဲဝင်ပြီး ခေါ်လိုက်တော့ Jaeminရင်ခွင်ထဲမှာ Hyuckက ငိုနေသည် ။

" Hyuckဘာဖြစ်တာလဲ "

လက်အားဆုတ်ကိုင်ကာ မေးလိုက်သည်နှင့် Hyuckကိုယ်လေး ကျွန်တော့်ရင်ခွင်ထဲ ပြိုဆင်းလာသည် ။

" Renjun "

" Wedding Dayကြီးမှာ ဘာလို့မို့လို့ ငိုနေတာလဲ "

" Renjun ငါမင်္ဂလာမဆောင်ချင်တော့ဘူး "

" မင်္ဂလာမဆောင်ချင်တော့ဘူး "

ငိုမဲ့မဲ့မျက်နှာလေးနဲ့ Hyuckခေါင်းညိတ်ပြသည် ။

" Lee Minhyungမင်းကိုဘာလုပ်လိုက်လို့လဲ "

" မလုပ်ဘူး "

" ဘာမှမလုပ်ပဲနဲ့ ဘာလို့မင်းကစိတ်ပြောင်းသွားတာလဲ ။ မင်းမျှော်လင့်ခဲ့ရတဲ့ မင်္ဂလာပွဲမဟုတ်ဘူးလား ။ အခု ဆောင်မယ် အခုမဆောင်ဘူးနဲ့ ဝင်ချည်ထွက်ချည်လုပ်ရအောင် ဒါလိပ်ခေါင်းမဟုတ်ဘူး "

" ဟမ် "

Renjunစကားကြောင့် Donghyuckငိုတာတောင် နင်သွားသည် ။

" Renjun "

" ဘာလဲ "

" ကိုကြီးကလေ "

" ဘာဖြစ်လဲ "

" မင်္ဂလာဆောင်ပြီးတာနဲ့ Canadaကိုပြန်တော့မှာ "

" အဲ့ဒါဘာဖြစ်လဲ "

" အဲ့တော့ ငါကိုကြီးနဲ့ခွဲရမှာပေါ့လို့ "

" မင်းရူးနေလား ။ လိုက်သွားလို့ရတာပဲကို "

" မင်းနဲ့မခွဲနိုင်ဘူး "

" ဘောကို လလေးလုံးလာပြောနေတယ် ။ ဖယ် မဟုတ်တာမလုပ်နဲ့ ။ မျက်ရည်တွေသုတ်တော့ ။ ဘောပဲ သောက်လုပ်ရှုပ်တဲ့ဟာတွေ "

ပွစိပွစိနဲ့Renjunပြန်ဆင်းလာတော့ Lee Min Hyungလှည့်ကြည့်သည် ။

" အလကား Hyung ။ ဘာမှမဖြစ်ဘူး သောက်ပိုတစ်သိန်းလုပ်နေတာ "

" သိတယ် ။ အဲ့ဒါကြောင့် မချော့ပဲနေတာ ။ Canadaလိုက်ခဲ့ဆိုတော့လည်း မလိုက်နိုင်ဘူး ။ ဒီမှာနေခဲ့ဆိုတော့လည်း မဟုတ်ပြန်ဘူး ။ တကယ်ပဲ "

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Tempat cerita menjadi hidup. Temukan sekarang