🥂 ၃ 🥂

865 104 3
                                    

[Unicode]

' လာထိုင်ပါ ရှေ့နေMoon '

အိမ်ထဲဝင်လာသည့် ရှေ့နေMoonအား နေရာပေးနေသည့် မားမားအား တစ်ချက်သာကြည့်ပြီး Sofaပေါ် ကန့်လန့်ဖြတ်လှဲကာ TVကလာတဲ့ ဘောလုံးပွဲကို ကြည့်နေသည့် ကျနော်ဖင်ပေါ် မားမားရဲ့ လက်ဆွဲတော် ကြက်တောင်က အလည်တစ်ခေါက်ရောက်လို့လာပြန်သည် ။

' အား မားမား နာတယ်ဗျ '

' နာရမလား မသာလေးရဲ့ ၊ ဟိုမှာ နင့်ပထွေးက မတ်တပ်ရပ်စောင့်နေရတယ် မြင်လား '

မားမားစကားကြောင့် ပြူးပြီးကြည့်နေသည့် ရှေ့နေကြီးMoon Taeilအား နောက်ပြောင်ချင်တာမို့...

' ဘယ်မှာလဲ ကျနော့်ပထွေး ၊ ကျနော့်ပထွေးက ကျနော့်အဖေ ငုတ်တုတ်ကြီးနဲ့ အိမ်လာရဲတာလား '

' ဟဲ့ နင်စကားကို ဘယ်လိုတွေပြောနေတာလဲ Huang Ren Jun '

' မားပြောတာကို ပြောတာလေ '

' ငါကဒေါသထွက်လို့ပြောတာလေ နင်ကသေမလို့ လိုက်ပြောနေတာလား ၊ အဲ့လိုပြောရအောင် Mr.Moon Taeilက ငါ့လင်လား '

' အဲ့ဒါတော့ မားမားတို့အတွင်းရေးလေ ကျနော်ဘယ်သိမလဲ '

' Huang Ren Jun နင် နင်ပြောတာ ငါတို့က တိတ်တိတ်ပုန်းပဲညားနေသလိုလို '

' ဟုတ်ချင်ဟုတ်မှာပေါ့ '

' ဟုတ်စရာလား ၊ တစ်ခါလေးတောင် Mr.Moon Taeilကို စေ့စေ့တောင်မကြည့်ဖူးဘူးဟဲ့ ၊ နင်ပြောနေတာ သူများကြားရင် ငါတို့ကပဲ ဖောက်ပြန်သလိုလို ၊ Mr.Moon Taeilကပဲ လင်ရှိမယားကို ပြစ်မှား '

' ကဲပါ Mrs.Huang ကျနော်ကပဲ ကြောင်တောင်နှိုက်တယ်လို့ ပြောလိုက်ပါတော့ '

' အို မဟုတ်တာ ၊ အားနာလိုက်တာရှင် ၊ အဲ့လိုပဲ အဲ့မျိုးမစစ်လေးဟာလေ စကားပြောမတတ်ဘူး '

' အဲ့ဒါလည်း ခင်ဗျားသားမဟုတ်ဘူးလား '

' သူကသားမဟုတ်ဘူး ကျား ၊ ကျားတောင်မှ အူကြောင်ကြား ၊ Mr.Moon သိပါတယ် ၊ ကျွန်မနဲ့တူရင် ဘယ်လောက်ထက်မြတ်မလဲဆိုတာ ၊ Injunလေးကိုပဲ ကြည့် ၊ သူကတော့ သူ့အဖေ ကျပ်မပြည့်တင်းမပြည့်နဲ့ တထေရာတည်း '

' ပါးပါး '

' Xuxi ကျွန်မ ဘယ်မှာလဲ နင့်အဖေ '

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Where stories live. Discover now