🥂၄🥂

873 102 12
                                    

Unicode

' Injun '

စကားစချီလိုက်တဲ့ မားမားကြောင့် ခေါင်းဖီးနေရင်း Injunလှည့်ကြည့်လိုက်သည် ။

' ရှင် မားမား '

' သမီးကို မားမားမေးစရာရှိလို့ '

' ဟုတ် '

' ဟိုကောင် Renjunသူငယ်ချင်းဆိုတဲ့ ကောင်လေးလေ ဘယ်သူပါလိမ့် '

' ဘယ်သူလဲ '

' အိမ်ပါပါလာတဲ့တစ်ယောက်လေ ၊ မျက်တောင်ကော့ကော့လေးနဲ့ နှုတ်ခမ်းပါးပါးနဲ့ ကောင်လေးလေ ဘာတဲ့ သူ့နာမည်က Vitaminဆိုလား '

' မားမားကလည်း Jaeminပါ '

' အေး အေး အဲ့Jaeminဆိုတဲ့ ကလေးနဲ့ သမီးက ကြိုက်နေကြတာလား '

' အာ မားမားကလည်း မဟုတ်ပါဘူး '

' ကောင်းတယ် ၊ မဟုတ်တာကောင်းတယ် '

' ဘာလို့လဲ မားမား '

' သိတယ်မလား နင့်အစ်ကိုအကြောင်း ၊ တစက်ကလေးမှ သုံးစားရတဲ့ကောင်မဟုတ်ဘူး ၊ သူနဲ့ပေါင်းသင်းနေတဲ့ဟာတွေလည်း အဲ့လိုပဲနေမှာ '

' Jaeminက ဆေးကျောင်းသားပါ '

' ဘာဆေးကျောင်းသားလဲ ၊ ဆေးကျောင်းတတ်နေလည်း အောင်မယ့်ကောင်မဟုတ်ဘူး '

' မားမားကလည်း သူများကို '

' သူ့အကြည့်တွေက ဘာလဲ ငါဖတ်တတ်တယ်နော် Injun ၊ နင့်အစ်ကို လွတ်ပေးနေတာလဲ ငါသိတယ် ၊ Injunနော် မားမားမှာထားမယ် ၊ သမီးလေး လက်ထပ်မယ့်သူက Lee Jenoပဲဖြစ်ရမယ် '

' မားမားကလည်း သူ့အကြောင်းလည်း ဘာမှမသိပဲနဲ့ '

' သိဖို့မလိုဘူး ၊ အဲ့ကလေးက ငယ်ငယ်ကတည်းက မားမားနဲ့ရင်းနှီးပြီးသား ၊ ကြီးလာမှသာ ကွဲသွားလို့ စိမ်းသွားတာ '

' မားမားကလည်း '

' မနက်ဖြန် Neo Hotelကို သွားလိုက် ၊ Jenoစောင့်နေလိုက်မယ် '

' မားမား '

' ဟိုကငြင်းလိုက်တာမျိုး မလိုချင်ဘူးနော် '

ပြောပြီးထွက်သွားသည့် မားမားကိုကျောခိုင်းကာ ဘီးကိုမှန်တင်ခုံပေါ် ပစ်ချလိုက်သည် ။

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Opowieści tętniące życiem. Odkryj je teraz