Unicode
" ဟယ် ဘယ်လိုတွေဖြစ်နေကြတာလဲ "
ခန်းလုံးပြည့်စိုရွှဲနေတဲ့ ရေတွေအားကြည့်ကာ အော်နေတဲ့သူက ကျွန်တော့်ရဲ့ချစ်လှစွာသော မားမား ။
ကွိုင်ပဲ မားမားက ဘယ်လိုရောက်လာတာလဲ ။
မားမားအသေအချာမော့မကြည့်ခင်
အခုအချိန်အထိ ဆော့လို့မဝသေးဟန်တူတဲ့ Jenoအားနောက်လှည့်၍ သိုင်းဖက်ကာ ကုတင်ပေါ် ပက်လက်လှန်ချလိုက်ပြီး ပါးနှစ်ဖက်ကိုဖျစ်ညှစ်ကာ ဖိနမ်းလိုက်တော့ မားမားမျက်နှာကိုအုပ်ကာ တံခါးကိုဆွဲပိတ်သွားသည် ။Injunမဟုတ်မှန်း မားမားသိသွားလို့ လုံးဝမဖြစ်ဘူးလေ ။
" ဟူးး "
Lee Jenoအား တွန်းထုတ်ကာ ပက်လက်လှန်ကာ သက်ပြင်းချပြီး ဘေးအားလှည့်ကြည့်လိုက်တော့ Lee Jenoမျက်လုံးလေး ကလည်ကလည်နဲ့ အပေါ်ကိုမော့ကာ ကြောင်ငေးလို့နေသည် ။
" Lee Jeno ၊ Lee Jeno "
" မင်းငါ့ကိုဘာလုပ်လိုက်တာလဲ Renjun "
သူ့အောက်နှုတ်ခမ်းအား လက်ချောင်းတွေနဲ့ တို့ထိကာ Lee Jenoအရူးလိုမေးနေသည် ။
တမင်တကာ နောက်ပြောင်ချင်တာမို့ လက်ကိုခေါင်းအောက်ထောက်ကာ Lee Jenoအား ပြုံးကာကြည့်လိုက်ပြီး ။
" နမ်းလိုက်တာလေ ၊ ငါမင်းကိုသဘောကျသွားပြီ ထင်တယ် Lee Jeno "
" Renjun မင်း "
ကပြာကယာထထိုင်ကာ မွေ့ယာခင်းကိုတင်းတင်းကိုင်ပြီး ခေါင်းကြီးငုံ့ကာ Lee Jenoရှက်နေဟန်တူသည် ။
နီကာရဲတွက်နေတဲ့ နားရွက်ဖျားလေးအား မထိတထိ လှမ်းကိုက်လိုက်တော့ မျက်လုံးအဝိုင်းသားနဲ့ နားရွက်ကိုကိုင်ကာ မော့ကြည့်လာသည် ။
" Jung Hae Jinမဟုတ်ပဲနဲ့ ငါလည်းမင်းကို သဘောကျခွင့်ရှိတယ်မဟုတ်လား Lee Jeno "
" Huang Renjunမင်းရူးနေတာလား ၊ ငါတို့မှာ စာချူပ် "
" ဘာမှအရေးမပါတဲ့ စာရွက်တစ်ရွက်က ငါ့ကိုခြိမ်းခြောက်နိုင်တယ်လို့ ထင်တယ်ပေါ့ "
ရင်ဘတ်အား လက်နှင့်တွန်းကာ မွေ့ယာပေါ်ပစ်လှဲလိုက်ပြီး အပေါ်မှအုပ်မိုးကာ လက်နှစ်ဖက်ကို ဘေးတစ်ဖက်တစ်ချက်ဆီမှာ ထောက်လိုက်ပြီး ကျွန်တော်ရုပ်တည်နဲ့ စနေသည်အား Lee Jenoအတည်ထင်နေပုံရသည် ။
YOU ARE READING
FanfictionNoRen💚 BL JaeJun💚 Normal