မီးခိးုတွေဝေမှောင်မည်းနေတဲ့နေရာတစ်ခုက
လူသေအလောင်းများ ဟိုနေရာတစ်စု ဒီနေရာတစ်စု။
ချောက်ကမ်းပါး အစွန်မှာ အမည်းရောင်၀တ်စုံနဲ့ ရပ်နေတဲ့ လူတစ်ယောက်။ ထိုသူ မျက်လုံးမှ မျက်ရည်များ အတောမသတ်နိုင်အောင်စီးကျလို့။ ပါးစပ်တွင်လည်းသွေးများပေကျံနေသည်။ ထိုသူသည်လက်နှစ်ဖက်ကို ဆန့်တန်းပြီးချောက်ကမ်းပါးမှ ခုန်ချလိုက်သည်။ ထိုအချိန်အဖြူရောင်၀တ်စုံနဲ့ လူတစ်ယောက်အမြန်ရောက်လာပြီး ခုန်ချသွားသူရဲ့ လက်ကို လှမ်းဆွဲထားလိုက်သည်။*ဝေ့ရင်*
မိမိ အမည်ကိုခေါ်ပြီး မိမိလက်ကို ဆွဲထားတဲ့လူကိုမော့ကြည့်လိုက်တော့ မိမိ အရမ်းချစ်မြတ်နိုးခဲ့ရတဲ့ လူသားတစ်ဦး
*လန်ကျန့်*
မိမိ ဒုက္ခရောက်ချိန်တိုင်း မိမိအနားကို အမြဲရောက်လာပေးသူ။
*လန်ကျန့်လွှတ်လိုက်ပါတော့*
ထိုသူမျက်၀န်းထဲမှ မျက်ရည်များ အသောမသတ်နိုင်အောင်စီးကျလာသည်။ ထိုအချိန်လူတစ်ယောက်ရာက်လာပြီးဝေ့ရင်ကို ဓားနဲ့ ချိန်ရွယ်ထားပြီးနောက်တော့ကျောက်ဆောင်ကို ဓားနဲ့ ထိုးချလိုက်သည်။ဝေ့ရင်းသည်လန်ကျန့်ပါ ပြုတ်ကျမည်ဆိုးသောကြောင့်လန်ကျန့်ဖမ်းဆွဲထားတဲ့ လက်ထဲမှ မိမိ လက်ကို အားနဲ့ ရုန်းထွက်လိုက်ပြီး တစ်ကိုယ်တည်းချောက်ထဲ ပြုတ်ကျသွားခဲ့သည်။
*ဝေ့ရင်း!!*
*၀မ့်ကျီး..၀မ့်ကျီး!!! သတိထားပါဦး*
*ကိုကို*
*ရော့ရေသောက်လိုက်အုံး ညီ။ အိမ်မက်ဆိုးတွေ မက်ပြန်ပြီလား။*
ချွေးတဒီးဒီး ကျပြီးမောဟိုက်နေတဲ့ ညီငယ်ကို ကြည့်ပြီး ရှီးချန်သက်ပြင်း ချမိသည်။ အသက်၁၃ နှစ်ကတည်းက မက်လာတဲ့ အိမ်မက်ဆိုးတွေ ရန်ကနေ ညီငယ်ကို လွတ်မြောက်စေချင်ပြီ။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanfictionနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...