ဇီရြွမ္း + ယန္လီ
*ကျင်းဇီရွှမ်း!!ရှင်ကျွန်မနောက်ကွယ်မှာဖောက်ပြန်နေတာလား။*
ဇီ - အားလီ ဘာတွေပြောနေတာတုန်း။
ဇီရွှမ်း အခုဆိုSTAR အဖွဲ့ရဲ့ မန်နေဂျာ မဟုတ်တော့ဘဲ သူ့ကုမ္ပဏီကို ဦးစီးနေပြီဖြစ်သည်။ အခုလည်း လက်မှတ်ထိုးစရာရှိတဲ့ ဖိုင်တွေကို လက်မှတ်ထိုးနေတုန်း ရုံးခန်းထဲဒေါသတကြီးဝင်လာတဲ့ မိမိဇနီးလောင်းဖြစ်သူကြောင့်ကိုယ်မှာ အံ့သြလို့။
ယန်လီ - ဘာတွေပြောနေလည်း ဟုတ်လား။ ကုမ္ပဏီ တစ်ခုလုံးမှာ ပျံ့နေတာ မသိဘူး မပြောနဲ့နော်။ ရှင်နဲ့ ရှင့်အတွင်းရေးမှူး မျန်မျန်ဆိုတဲ့ တစ်ယောက်အကြောင်းလေ။
ဇီ - အာာ အဲ့တာ ဘာမှ မဟုတ်ပါဘူး အချစ်ရဲ့။ မျန်မျန်ဆိုတာ ကိုယ့်ရဲ့ ညီမလေးလိုပါဘဲ။ သူကဖေဖေလက်ထက်ကတည်းကဖေဖေ့ အတွင်းရေးမှူးလေ။
ယန်လီ - ဘာမှ မဟုတ်ပါဘူး။ အဲ့ တစ်ယောက်က ကျွန်မထက်ချောတယ်။ လှလည်း လှတယ်။ သွက်သွက်လက်လက်လည်း ရှိတယ်။ ကျွန်မလိုလူမျိုးနဲ့ကတော့ ဆီနဲ့ရေလိုဘဲ။
ဇီ - ကိုယ့်ချစ်ဇနီးလောင်းလေးက သူထက်ထောင်ပေါင်းများစွာချောတယ်။ လှတယ်။ ကိုယ့်မျက်လုံးထဲမှာ မင်းတစ်ယောက်တည်းကသာ အလှဆုံး။ ကိုယ့်နှလုံးသား ထဲမှာ မင်းကသာ နံပါတ်တစ်။ မင်းကသာ ဘုရင်မ။ မင်းကသာ ကိုယ့်အသက်။
ယန်လီ - ဘယ်ဇာတ်ညွှန်းထဲက စာသားတွေလဲ။
ဇီ - ကိုယ့်နှလုံးသားကရေးတဲ့ ဇာတ်ညွှန်းပါ။ ထိုင်ပါအုံး ချစ်ရဲ့။ ကိုယ့်အချစ်ကို ဘယ်သူတွေကဆေးထိုးလိုက်တာတုန်း။
ယန်လီ - ဘယ်သူမှ မဟုတ်ဘူး။ ကုမ္ပဏီ တစ်ခုလုံးပြောနေတာ။ ဟွန့်ကျင်းဇီရွှမ်း ရှင်ကြပ်ကြပ်သတိထားနေ။
ဇီ - အားလီ ကိုယ်မင်းကို လိုက်ခဲ့တာ ၁၂ နှစ်တောင်ရှိတယ်။ ကိုယ်ဇွဲမလျှော့ဘဲ လိုက်ခဲ့ရတဲ့ အကျိုးဆက်က အခုလို ချစ်ဖို့ကောင်းတဲ့ ကျန်းယန်လီ ဆိုတဲ့ မင်းရဲ့ အချစ်ကို ရခဲ့တာဘဲ။ ကိုယ်က ဘာလို့ မင်းကို ပစ်ပြီးနောက်တစ်ယောက်တွဲရမှာလဲ။ စိတ်နဲ့တောင်ကိုယ်သစ္စာမဖောက်ပါဘူး။ ကိုယ့်ကို ယုံကြည်ပေးပါ အားလီ။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanfictionနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...