😍3😍

998 90 8
                                    

STAR အဖွဲ့ Paradic Room ထဲ တစ်​ယောက်​နဲ့ တစ်​ယောက်​စ​နောက်​နေကြတာကို အပြင်​က​နေ ရပ်​ကြည့်​နေတဲ့ လန်​ကျန့်​။

*ဒီအတိုင်းဘဲ့ ကြည့်​နေ​တော့မှာလား။*

*.........*

*Zhang Gp က ဆက်​သွယ်​လာတယ်​။​ဝေ့၀ူရှန်​ကို ဇာတ်လမ်းတစ်​ကားရိုက်​ဖို့ ကမ်းလှမ်းလာတယ်​။*

လန်​ကျန့်​စကားတစ်​ခွန်းမှ မ​ပြောဘဲ မျက်​လုံးနဲ့​တာ​ရှင်းချန်​ကို တစ်​ချက်​ကြည့်​လိုက်​သည်​။

*ငါ သူ့မန်​နေဂျာကို ဇာတ်​ညွှန်း​ပေးလိုက်​တယ်​။*

*ကျွန်​တော်​အရင်​ဖတ်​မယ်​။ ပြန်​ယူလာခဲ့​ပေး။*

ထိုတစ်​ခွန်းတာ​ပြောပြီး မိမိ ရုံးခန်းရှိရာ ပြန်​လာခဲ့သည်​။​ရှောင်းရှင်းချန်​က​တော့​ခေါင်းတခါခါ နဲ့ ကျန်​ခဲ့သည်​။

အခန်းထဲ အကတိုက်​ပြီးလို့ စ​နောက်​နေကြတုန်း မန်​နေဂျာဖြစ်​သူ ကျင်းဇီရွှမ်း ၀င်​လာပြီး

ကျင်း -​ဝေ့၀ူရှန့်​မင်းကို Zhang Gp က ဇာတ်​ကားရိုက်​ဖို့ ကမ်းလှမ်းလာတယ်​

၀မ်းနင်​- တကယ်​ကြီးလား Ge

ကျင်း - တကယ်​ပေါ့ ဒီမှာ ခနက ရှင်းချန်​လာ​ပေးသွားတာ။ ဇာတ်​ညွှန်း ဖတ်​ကြည့်​ပြီးမှ ဆုံးဖြတ်​ပေါ့။

​ဝေ့ - Oki ဖတ်​ကြည့်​လ်ိုက်​မယ်​။

​ဒေါက်​ဒေါက်​

ရွှယ်​ယမ်​- ကျွန်​တော်​သွားဖွင့်​ပေးလိုက်​မယ်​။

ကျွန်​တော်​တံခါးဖွင့်​လိုက်​တော့ တံခါး​ပေါက်​မှာ ပြုံးပြုံး​လေး ရပ်​နေတဲ့​ရှောင်းရှင်းချန်​။

ရှင်း - အထဲ ၀င်​ခိုင်းအုံးမှာလား။

ရွှယ်​- အာ ၀င်​၀င်​ပါ Ge

ရှောင်းရှင်းရှန်​ခေါင်းငြိမ့်​ပြပြီး အထဲဝင်​သွားမှ ရွှယ်​ယမ်​သက်​ပြင်းချမိသည်​။

ကျင်း - ဟာ ရှင်းရှန်​ဘာကိတ်​။

ရှင်း - ခနက ငါ​ပေးလိုက်​တဲ့ ဇာတ်​ညွှန်း​ရော။

​ဝေ့ - ကျွန်​တော်​ဆီမှာပါ။ ဘာဖြစ်​လို့လဲ Ge

ရှင်း - ဟို CEO က သူအရင်​ဖတ်​ကြည့်​မယ်​ပြောလို့ အဲ့တာ လာ​တောင်းတာ။

အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni} Where stories live. Discover now