ရှီးချန်- ၀မ့်ကျီး ကိုကို အကုန်လုပ်ပြီးပြီ။
လန်ကျန့်-ကျေးဇူးတင်ပါတယ်ကိုကို
ရှီးချန်- ညီအစ်ကိုချင်းကို
လန်ကျန့်နှုတ်ခမ်းတွန့်ရုံတာ ပြုံးပြလိုက်သည်။ ပြီးမှ တစ်ခုခု ကိုသတိရပြီး
လန်ကျန့်- ကိုကို ကျွန်တော်Ent. ကို ခန သွားလိုက်အုံးမယ်။
ရှီးချန်- ဘာလုပ်ဖို့
လန်ကျန့်- အရေးကြီးတဲ့ စာရွက်ကျန်ခဲ့လို့။ သွားပြီ ကိုကို
ရှီးချန်- ကားဖြေးဖြေးမောင်းသွားနော်၀မ့်ကျီး
လန့်ကျန့်အစ်ကိုဖြစ်သူကိုခေါင်းငြိမ့်ပြလိုက်ပြီး Ent.သို့ ထွက်လာခဲ့သည်။
~~~
၀မ်းနင်- ကျန်းချန်Ge အစ်ကိုဝေ့ ဘာမှ မဖြစ်လောက်ပါဘူးနော်။ကျန်းချန်- ဘာမှ မဖြစ်ပါဘူး။ သူ့အဖေ အိမ်မှာဆိုတော့ လုံခြုံတာပေါ့။
ဟွိုက်- အစ်ကိုဝေ့ မှာ အဖေ ရှိသေးတယ်ပေါ့။
ကျန်းချန်- ရှိတယ်။ နာကျင်စရာ အတိတ်တွေရှိခဲ့တာမို့၀ူရှန့့်က သူ့အဖေကို နာကျည်းသွားတာလေ။
ရွှယ်-အော်။ ဒါနဲ့ မနက်ဖြန်MBC Make-up promotion ပွဲ သွားရမှာမလား။ အစ်ကိုဝေ့ မပါကြောင်းကြော်ငြာထုတ်ထားပြီးပြီ။
ကျန်းချန်- Omm ဟုတ်တယ်။နေမကောင်းလို့အေးဆေးအနားယူနေတယ်လို့ကြော်ငြာထားတာ။ တစ်ချို့ကတော့ သတင်းတွေကိုရှောင်ပြေးချင်လို့ ဘာညာဆိုပြီး
ဇီရွှမ်း - ဒါနဲ့ ကျန်းချန်အဲ့နေရာမှာ မင်းတို့ ၄ယောက်လုံးရီနေပြီး ဘာလို့ဝေ့၀ူရှန့်ပုံကိုဘဲ ထည့်ထားရတာလဲ။ ကြည့်ရတာဝေ့၀ူရှန့်ကို အမည်ပျက်အောင်လုပ်သလိုဘဲ။
ကျန်းချန်- ကျွန်တော်လည်း စဉ်းစားနေတာ။ ရှီးချန်Ge က MBBC က သတင်းထောက်ကို စုံစမ်းတော့ အဲ့နေ့က သူဟောင်ကောင်မှာတဲ့။
ဇီရွှမ်း -တော်သေးတယ်CEO က အမြန်သတင်းပိတ်နိုင်လို့။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanficနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...