အခုဆို ရှထျန်းဟောက်လည်း သတိရလို့ သက်သာလာပြီ။မနက်ဖြန်ဆို လန်ကျန့်နဲ့ဝေ့ရင်း တို့ရဲ့ မင်္ဂလာပွဲ။ကြားထဲက ပြဿနာတွေကြောင့်မင်္ဂလာပွဲ ကို လန်ကျန့်ဘက်ကနောက်ဆုံးပေးခဲ့သည်။ မမယန်လီ က အတူတူ မဆောင်ရလို့ စိတ်မကောင်းပေမယ့်ကျန်းချန်တို့ပွဲ နဲ့ အတူတူလုပ်ရမယ်ဆိုတော့ပျော်နေခဲ့သည်။ ရှရိုးရှန့်လည်း မူးယစ်ဆေးဝါးအမှုနဲ့ထောင်ဒဏ်နှစ်၃၀ ကျခံလိုက်ရသည်။ Zhang Company ဘက်ကတောင်းတဲ့လျော်ကြေးငွေ ကိုလည်းဝေ့၀ူရှန့်ဆက်ပေးလိုက်သည်။ သူရဲ့ မိထွေးကိုတော့ အခုမှ အမှုစစ်နေတုန်း။ အခုဆိုဝေ့၀ူရှန့်ဆိုတာ အရင်က အနုပညာရှင်တစ်ယောက်မဟုတ်တော့ဘဲ စီးပွားရေးလောကမှာ နံပါတ်၂နေရာကို အရယူနိုင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်နေပြီ။ ၁ လအတွင်း လန်ကျန့်ရဲ့ သင်ပြမှုတွေကြောင့်ဒီနေရာကိုရောက်ရှိလာခြင်း။
လန်ကျန့်-ဝေ့ရင်း ဘာတွေတွေးနေတာလဲ။
ဝေ့ - ဘာမှ မတွေးပါဘူး။ လန်ကျန့်မနက်ဖြန်ဆို ငါတို့ တရားဝင်လက်ထပ်ရတော့မယ်နော်။
လန်ကျန့်- အင်း
ဝေ့ - ငါ ဒီည အိပ်ပျော်ပါ့မလားတောင်မသိဘူး။
လန်ကျန့်- အိပ်ပျော်အောင်အိပ်။ ဒါမှ မနက်ဖြန်အတွက်အားရှိမှာ။
ဝေ့ - လန်ကျန့်မင်း အနှောင့်အသွား မလွတ်တာတွေ မပြောနဲ့။ ဒါနဲ့မော့ရွှမ်းယွီ ကို အခုထိ ရှာမတွေ့သေးဘူးလား။
လန်ကျန့်- အင်း သူဘယ်မှာ ပုန်းနေလည်း မသိဘူး။
ဝေ့ - သူ ငါ့ကို ဘာလို့မုန်းတာလဲ ဆိုတာ ငါအခုတော့ စဉ်းစားလို့ရပြီ
လန်ကျန့်- ဘာလဲ။
ဝေ့ - သူက မင်းကို ချစ်နေတာနေမှာ။ ဒါကြောင့်မင်းနဲ့ ချစ်နေတဲ့ ငါ့ကို သူမုန်းတာလည်း မဆန်းပါဘူး။ ပြန်တော့လေတော်ကြာ လန်ဦးဦးဒေါသထက်နေမယ်။
လန်ကျန့်-ရှေးအယူတွေကို သိပ်စွဲလန်းတာဘဲ အဲ့ဦးဦးက။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanfictionနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...