မော့ရွှမ်းယွီ သူ့ကို လန်ကျန့်တို့ လိုက်ရှာနေတာကို သိပေမယ့်သူရုပ်လုံး ထွက်မပြဘဲပုန်းရှောင်နေသည်။ မနက်ဖြန်လန်၀မ့်ကျီး ရဲ့ မင်္ဂလာဆောင်ဆိုတာ ကြားသ်ိလိုက်ရတော့
ရွှမ်း - မဟုတ်ဘူး သတင်းအမှားတွေ။ အစ်ကိုဝမ့်ကျီး က ဘာလို့ဝေ့၀ူရှန့်နဲ့ ယူမှာလဲ။ အင့်ဟင်း မရဘူး အစ်ကို ၀မ့်ကျီး ကို ငါဘဲ ပိုင်ဆိုင်ရမယ်။ ငါမှ မပိုင်ဆိုင်ရရင်ဘယ်သူမှ မပိုင်ရဘူး။
မော့ရွှမ်းယွီ Mask အုပ်ဦးထုပ်ဆောင်း ကားသော့ဆွဲ ပြီးလန်ကျန့်ရှိရာ ကုမ္ပဏီ ကို ထွက်လာလိုက်သည်။ ကားပါကင်မှာ လန်ကျန့်အလာကိုစောင့်နေလိုက်ပြီး လန်ကျန့်ထွက်လာတော့မှ ကားပေါ်က ဆင်းပြီး လန်ကျန့်ရှိရာသွားလိုက်သည်။
ရွှမ်း - အစ်ကိုဝမ့်ကျီး
လန်ကျန့်- ရွှမ်းယွီ မင်း
လန်ကျန့်ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းထုတ်လိုက်တော့မော့ရွှမ်းယွီ က ဆွဲလုလိုက်ပြီး
ရွှမ်း - အစ်ကို က ရဲစခန်းကို ဖုန်းဆက်မလို့လား
လန်ကျန်- ရွှမ်းယွီ မင်းအပြစ်တွေကို သွားဝန်ခံ လိုက်ပါ။ မင်းကိုယ်တိုင်၀န်ခံ လိုက်ရင်မင်း ကို ပြစ်ဒဏ်လျှော့ပေးဖို့ ငါပြောပေးမယ်။
ရွှမ်း - ကျွန်တော်၀န်ခံရင်အစ်ကို က ကျွန်တော်ကို ချစ်မှာလား။
လန်ကျန့်- ရွှမ်းယွီ မင်းကို ကိုယ့်ညီလေးတစ်ယောက်လိုဘဲ ချစ်တယ်။ ခင်တယ်။ အဖြူရောင်ကို အရောင်မဆိုးချင်စမ်းနဲ့။
ရွှမ်း - ကျွန်တော်ကတော့ အစ်ကို့ကို အစ်ကိုလို သဘောမထားနိုင်ဘူး။ အစ်ကိုဝမ့်ကျီး အစ်ကို့ကို ကျွန်တော်ချစ်တယ်။ကျေးဇူးပြုပြီးဝေ့၀ူရှန့်နဲ့ မယူလိုက်ပါနဲ့။
လန်ကျန့်- ငါကဝေ့ရင်း ကို ဘဲ ချစ်တာ။
ရွှမ်း - ဒါဆိုလည်း အစ်ကို ချစ်တဲ့ဝေ့၀ူရှန့်ကို သတ်လိုက်ရင်တော့ အစ်ကို ကျွန်တော့်ကို ချစ်လာမယ်မလား။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanfictionနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...