😍30😍

591 49 0
                                    

ကျန်းချန်​ဒီ​နေ့ မနက်​ပိုင်း Han Com. ရဲ့ Lotion အသစ်​အတွက်​ရေကူးကန်​မှာ​ကြော်ငြာရိုက်​နေခြင်း။

* အားလုံး​ရေကူးကန်​ထဲမှာ​ရေကစားကြပြီး​နေအရမ်းပူလာတဲ့ အခါကျမှ အ​ပေါ်ပြန်​တတ်​လာမယ်​။ ပြီးရင်​ကျန်းချန်​က လက်​ထဲမှာ Lotion​လေးထည့်​ပြီး​လော့​လော့ ရဲ့ လက်​မောင်းနှစ်​ဖက်ကို လိမ်း​ပေးတဲ့ ပုံစံ​လေး ရိုက်​မယ်​နော်​*

ကျန်း - ဟုတ်​ကဲ့။

*အားလုံးအဆင်​သင့်​ဖြစ်​ရင်​ရိုက်​မယ်​။*

Shotting အဖွဲ့သားအားလုံး ပြင်​ဆင်​စရာရှိတာ​တွေ ပြင်​ဆင်​ပြီး အားလုံး အဆင်​သင့်​ဖြစ်​တော့မှ စရိုက်​ကြသည်​။

မင်းသမီးဖြစ်​သူ​လော့​လော့ က ပန်း​ရောင်​ဘီကနီ ၀တ်​ဆင်​ထားပြီး ကျန်းချန်​က​တော့ အ​ပေါ်ပိုင်း ဗလာနဲ့​အောက်​က​ပေါင်​လည်​ဘောင်းဘီတို​လေးတာ ၀တ်​ဆင်​ထားသည်​။

​ရေကူးကန်​ထဲတွင်​သူငယ်​ချင်း အုပ်​စုလိုက်​ပျော်​ပျော်​ရွှင်​ရွှင်​ရေကစားကြပြီး​နေအရမ်းပူလာတဲ့ အချိန်​မှ​ရေကူးကန်​ထဲမှ ကုန်း​ပေါ်တတ်​လာကြသည်​။ ပြီး​တော့ အပန်း​ဖြေတဲ့ ထိုင်​ခုံမှာ ၂​ယောက်​တစ်​တွဲ စီ ထိုင်​ကြပြီး

​လော့ -​ကော​ကော​ရေကစားလိုက်​တာ​ပျော်​ဖို့​ကောင်းတယ်​။ ဒါ​ပေမယ့်​အသားအ​ရေ​တော့ ပျက်​ဆီးသွားပြီ

ကျန်း - ဒါ​လေးများ ဒန့်​ဒန့်​ဒန့်​

Perfect Lotion ဗူး​လေးကို ထုတ်​ပြလိုက်​တော့

​လော့ - Perfect!!

ကျန်း - အင်း

ကျန်းချန်​က​ပြောပြီး လက်​ထဲ Lotion​တွေကို နှစ်​ချလိုက်​ပြီး​လော့​လော့ ရဲ့ လက်​မောင်းနှစ်​ဖက်​ကို အသာအယာ လိမ်း​ပေးလိုက်​သည်။

ကျန်း - Perfect Lotion ဟာဆိုရင်​Milk နဲ့ သဘာဝသစ်​သီးသစ်​ဖု​တွေနဲ့​ပေါင်းစပ်​ဖော်​ထုတ်​ထားတဲ့ အတွက်​

​လော့ -​နေ​လောင်​ဒဏ်​မှ ကာကွယ်​ပေးပြီး ပျက်​ဆီးသွားတဲ့ အသားအရည်​ကို နဂိုတိုင်း ပြန်​လည်​ချော​မွတ်​စေပါသည်​။

အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni} Where stories live. Discover now