ရှင်းချန်- ရွှမ်းယွီ ဘာကိစ္စလဲ။
ရွှမ်း - အထဲမှာ CEO ရှိလား။ အရမ်း အရေးကြီးလို့။
ရှင်းချန်- အွန်း ရှိတယ်။ ခနနော်Ge အကြောင်းကြားပေးမယ်။
ရွှမ်း - ဟုတ်Ge
ရှင်းချန်ဖုန်း နဲ့ လှမ်းအကြောင်းကြားပေးလိုက်သည်။
ရှင်းချန်- ၀င်ခဲ့တဲ့။
ရွှမ်း -ကျေးဇူးပါ။
ရှင်းချန်နဲ့ ဆုန့်လန်ကိုနှုတ်ဆက်ပြီး CEO အခန်းထဲ ၀င်သွားလိုက်သည်။ လန်ကျန့်အလုပ်လုပ်နေတုန်း ရှင်းချန်ရဲ့မော့ရွှမ်းယွီ ကတွေ့ခွင့်တောင်းကြောင်း အကြောင်းကြားလာ၍ ၀င်လာခဲ့ ခိုင်းလိုက်သည်။ ရွှမ်းယွီ ၀င်လာတော့
လန်ကျန့်- ခန ထိုင်အုံး။ ဒါလေး လက်စသတ်လိုက်အုံးမယ်။
ရွှမ်း - ဟုတ်ကဲ့ CEO
လန်ကျန့်လက်မှတ်ထိုးစရာရှိတာတွေ လက်မှတ်ထိုးပြီးသွားမှ အလုပ်စားပွဲကနေ ထပြီး ရွှမ်းယွီရှေ့မှာ ၀င်ထိုင်လိုက်သည်။
လန်ကျန့်- ရွှမ်းယွီ ဘာပြောစရာ ရှိလို့လဲ။
ရွှမ်း - CEO ဆီက အကူအညီတောင်းမလို့။
လန်ကျန့်- ဘာအကူအညီလဲ။
ရွှမ်း - လွန်ခဲ့တဲ့ ၃ပတ်ကမေမေ ၀ယ်ပေးထားတဲ့ လက်စွပ်ပျောက်သွားတယ်။ အဲ့တာမေမေ မသိသေးဘူး။ ပြန်၀ယ်မလို့ ကျွန်တော့်မှာလဲ ပိုက်ဆံများများစားစား မရှိတော့ CEOချေးပေးလို့ရမလား။
မော့ရွှမ်းယွီ က လက်စွပ်အကြောင်းပြောလာတော့ မနေ့က ညနေပိုင်း ရဲစခန်းက အကြောင်းကြားလို့ သွားကြည့်တော့ လက်စွပ်တစ်ကွင်း ကိုတွေ့ကြောင်းနဲ့ ၀မ်းချင်ရဲ့ လည်ပင်းနားက တတ်တူးအကြောင်းကို သတိရလိုက်သည်။
လန်ကျန့်- လွန်ခဲ့တဲ့ ၃ပတ်ဘယ်နေ့ကလဲ။ ဘယ်တွေ သွားလဲ စဉ်းစားကြည့်သေးလား။
ရွှမ်း - ၂ရက်နေ့ ဗုဒ္ဓဟူးနေ့ည ကဈေးဝယ်ပြီး ပြန်လာတော့ မတွေ့တော့တာ။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanficနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...