မော့ - မဟုတ်ဘူး မဟုတ်ဘူး။ သတင်းတွေက အမှန်မဟုတ်ဘူး။ အား!!!!
မော့ရွှမ်းယွီ မနက်နိုးနိုးချင်း ဖုန်းဖွင့်ကြည့်လိုက်တော့ တတ်လာတဲ့ သတင်းတွေကြောင့်မယုံကြည်နိုင်ဖြစ်နေသည်။ ရှရိုးရှန့်ဆီ ဖုန်းခေါ်လိုက်တော့ တစ်ဖက်က မကိုင်။ ဘယ်နှစ်ခါခေါ်ခေါ် တစ်ဖက်က ဖုန်းမကိုင်။
မော့ -တောက်စ်ဖုန်းကိုင်စမ်းပါ ရှရိုးရှန့်ရ။
မော့ရွှမ်းယွီဒေါသတွေ အလိတ်လိုက်ထွက်လာသည်။နောက်ဆုံး ကိုယ်သာဘာ တစ်ကိုယ်တည်း လှုပ်ရှားဖို့ အစီအစဉ်ဆွဲ လိုက်သည်။
~~~~~~~
*ဇီရွှမ်း ပါးပြောစရာရှိတယ်*ဇီ -ပြောပါ ပါး။
ကျင်းကွမ်ရှန်- မနေ့ညက ဖုန်းမြန်အိမ်လာသွားတယ်။ သားတို့ မင်္ဂလာဆောင်နဲ့ဝေ့၀ူရှန့်တို့ မင်္ဂလာဆောင်ကို အတူတူ လုပ်မယ်တဲ့။ ပါးလက်ခံလိုက်တယ်။
ဇီ -ဝေ့၀ူရှန့်က ဟို ရုပ်ဆိုးမနဲ့ ယူမှာပေါ့။
ကွမ်ရှန်- ဘယ်က ရုပ်ဆိုးမလဲ။ လန်အိမ်တော်က အငယ်ဆုံးသား ၀မ့်ကျီးနဲ့လေ။ သမီးရှိတယ်လို့ ပါး မကြားပါဘူး။
ဇီ - လန်၀မ့်ကျီး နဲ့လား။
ကွမ်ရှန်- ဟုတ်တယ်သား။
ဇီ - အားလီ ကတော့ပျော်နေတော့မှာသေချာပြီ အခုချိန်ဆို အားလီ က ကိုယ့်မင်္ဂလာဆောင်ထက်မောင်ဖြစ်သူ ကို ပိုဆင်တော့မှာ။
စူပုတ်ပုတ်ပြောနေတဲ့ သားဖြစ်သူ ကို ကြည့်ပြီး ကျင်းကွမ်ရှန်ပြုံးမိသည်။ အရင်က ကျတော့ သဘောမကျဘူး ဘာလေး ညာလေးပြောပြီး။နောက်ကျတော့ အားလီ ကို ချစ်လှချည်းကြိုက်လှချည်းဆိုပြီး လိုက်ခဲ့တာ ဘယ်သူလဲမေး ကျင်းဇီရွှမ်းပါဘဲ။
အားလီ ရဲ့ အချစ်ကို လိုချင်တော့ အဖေ ဖြစ်သူ ကုမ္ပဏီမှာ မလုပ်ဘဲ အားလီရဲ့မောင်ဖြစ်သူ ၂ယောက်ရဲ့ အဖွဲ့မှာ မန်နေဂျာ ၀င်လုပ်လေရဲ့။ေမးတော့ *အားလီ အချစ်ကို အရင်မရခင်ယောက်ဖ ဖြစ်သူတွေရဲ့ မျက်စိထဲ ကိုယ်ဟာ အပိုးကျိုးသူ တစ်ယောက်ဖြစ်နေရမယ်လေ* ဆိုပြီးဖြေတော့ ကိုယ့်မှာ ပိတ်ဘဲ ကန်ရမလား။ ရယ်ဘဲ ရယ်ရမလားတောင်မသိ။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanficနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...