ဟွိုက်ဆန့်း + ၀မ်းနင်
ဝမ်းနင်တစ်ယောက်အစ်မဖြစ်သူဆေးရုံကဆင်းတာရော နားရက်ပါရတုန်း အစ်မဖြစ်သူ အတွက်အမဲစွတ်ပြုတ်လုပ်ဖို့ အတွက်လိုအပ်တာတွေဝယ်ရန်ရုပ်ဖျက်ပြီး Shopping Mall ကို ထွက်လာခဲ့သည်။ ကားမောင်းလိုင်စင်မရသေးတာကြောင့်တက္ကဆီဌားဖို့ လမ်းထိပ်ကို လမ်းလျှောက်လာခဲ့တာ လမ်းတစ်၀က်ရောက်တော့ ပြိုင်ကားခဲရောင်တစ်စီးကရှေ့ကနေ ပိတ်ရက်ရပ်သည်။ ပထမတော့ဒေါသထွက်သွားပေမယ့်ကားပေါ်ကနေ စပ်ဖြီးဖြီး ဆင်းလာတဲ့ နျဲ့ဟွိုက်ဆန်းကြောင့်
၀မ်းနင်- Ge!!! ကားမောင်းသာ လူလို သူလိုမောင်းတာမဟုတ်ဘူး။ မတော်လို့ တိုက်မိရင်ဘယ်လိုလုပ်မလဲ
ဟွိုက်- အားနင်ကိုယ်မျက်လုံးကောင်းပါတယ်။ ပြီးတော့ ကိုယ့်ကားမောင်းစွမ်းရည်ကိုလည်း ကိုယ်သိတယ်။ အကယ်၍ တိုက်ခဲ့ရင်တောင်အဲ့တိုက်ခံရတဲ့လူက အားနင်မဟုတ်ရင်ပြီးရော။
၀မ်းနင်- ဘာလာလုပ်တာလဲ။
ဟွိုက်- အားနင်ဆီလာတာ။ ဘယ်သွားမလို့လဲ။
၀မ်းနင်- မမ အတွက်စွတ်ပြုတ်လုပ်ပေးဖို့ အတွက်လိုအပ်တာတွေ သွားဝယ်မလို့။
ဟွိုက်- ကိုယ်လိုက်ပို့ပေးမယ်။ လာ တတ်။
၀မ်းနင်- ရတယ်ကိုယ့်ဘာသာ တက္ကဆီ ဌားသွားမယ်။ မသေချင်သေးဘူး။
ဟွိုက်- အာ ကိုယ်ဖြည်းဖြည်းဘဲမောင်းမယ်လေ။ တက္ကဆီဌားရင်ပိုက်ဆံကုန်အုံးမယ်။ ကိုယ်လိုက်ပို့ပေးတော့ ပိုက်ဆံ မကုန်တော့ဘူးပေါ့။ လာပါ အားနင်ရယ်ကိုယ်မင်းကို စိတ်မချလို့ပါ။ လာ လာ
ကျွန်တော့်လက်ကို ဆွဲ ပြီး ကားထဲ အတင်းထည့်နေတဲ့ အစ်ကိုဟွိုက်ဆန်းကြောင့်သက်ပြင်းတာ ချမိသည်။ အစ်ကိုဟွိုက်ဆန်း သူ့ကို Trainner ဘ၀ကတည်းက ချစ်နေတာလဲ သိခဲ့သည်။ ခက်တာက ကျွန်တော်အဖြေပြန်ရမှာ ရှက်နေသည်။ အရင်ကဆိုနေ့တိုင်း အဖြေလိုက်တောင်းနေတဲ့ လူက ကိုရီးယားက ပြန်လာပြီးနောက်ပိုင်း အဖြေမတောင်းတော့ဘူး။ ကျွန်တေ့်ကို ရိုးသွားတာလား။ ဒါမှမဟုတ်နောက်တစ်ယောက်တွေ့လို့များလား။ ကျွန်တော်ကိုစောင့်ရတာ ပျင်းသွားလို့လား။ လားပေါင်းများစွာမေးခွန်းတွေနဲ့ အတူ။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanficနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...