လန်ကျန့်-ဝေ့ရင်း ကိုယ်သွားပြီ။
ဝေ့ - အင်း ကို ကားကိုဂရုစိုက်မောင်းနော်။ တာ့တာ့
လန်ကျန့်ခေါင်းသာငြိမ့်ပြပြီး ကျန်းအိမ်တော်မှ ထွက်လာခဲ့သည်။ မနက်စာစားပြီးတော့ လန်ကျန့်ကဝေ့ရင်းကို အိမ်ပြန်လိုက်ပို့ခြင်း။ဝေ့ရင်း အိမ်ထဲကို ၀င်လ်ိုက်ပြီး ဧည့်ခန်းမှာ ထိုင်နေတဲ့ ကျန်းဖုန်းမြင့်၊ ယွီဇီယွမ်၊ အစ်မဖြစ်သူနဲ့ ညီဖြစ်သူကိုတွေ့လိုက်တော့
ဝေ့ - လူစုံတတ်စုံပါလား၊၊
ယန်လီ - အားရှန့်ပြန်လာပြီလား။
ကျန်း - ပြန်လာလို့တွေ့ရတာပေါ့ မမရယ်။
ကျန်းဖုန်းမြင့်- ကဲတော်ကြ။ သားဝေ့ရင်း ဘယ်သွားနေတာလဲ။ အဆက်အသွယ်မလုပ်ဘာမလုပ်နဲ့။
ဝေ့ - ဘယ်သွားလဲဆိုတော့ဟောင်ကောင်၊ ရှန့်ဟိုင်း၊ ယူနန်၊ အဲ့ဘက်တွေသွားတာ။အဆက်အသွယ်မလုပ်ဆိုတာက လန်ကျန့်က သူ့ဖုန်းရော ကျွန်တော့်ဖုန်းကိုရော ပါဝါပိတ်ပြီး သိမ်းထားတာ။
ကျန်းချန်- ဘာ ဒါဆို မင်းတို့က တရုတ်ပြည်တွင်လည်ပတ်နေတာပေါ့။
ဝေ့ - အင်းလေ။
ကျန်းချန်တစ်ယောက်ဝေ့၀ူရှန့်ကို မျက်စောင်းထိုးပြီးကြည့်လိုက်သည်။ သူတို့ကျတော့ တရုတ်ပြည်တွင်ရှိနေတာ။ ကိုယ်ကတော့ LA မှာ ရှိတယ်ဆိုလို့ ယုံစားပြီးလိုက်သွားတာ ဘ၀ပျက်ခဲ့ရတဲ့ အဖြစ်။နေအုံး သူတို့ ၂ယောက်ဘာမှ မဖြစ်လာခဲ့ရင်ကောင်းမယ်။ အဟင်း အဟင်း အာ့ဆို ဟိုဘိုးတော်ကြီးကို လက်ထပ်ဖို့ အချိန်ဆွဲလို့ရပြီ အဟေးးး။ ကျန်းချန်တစ်ယောက်သူ့အတွေးနဲ့ သူ မျက်နှာကြီး ပြုံးဖြီးလို့။ဝေ့၀ူရှန့်သာ လန်ကျန့်ရဲ့ ကွိစိကွစ ဖြစ်လာခဲ့တာ သိရင်ဒီလို ပြုံးနေနိုင်အုံးမလား။
ဝေ့ - မမ ဇီရွှမ်း နဲ့ လက်ထပ်တော့မယ်ဆို။ ဂုဏ်ပြုပါတယ်။
ယန်လီ - အင်း။ အားရှန့်က မမ တို့ကိုနေ့ကောင်းနေ့မြတ်ရွေးပေးလေ။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Фанфикနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...