*CEO ရုံးခန်းထဲမှာ ဧည့်သည်ရောက်နေတယ်။*
*ဘယ်သူလဲ*
*မုန့်ယောင်တဲ့*
ရှီးချန်အစည်းအဝေး လုပ်ပြီး ပြန်လာတော့ အတွင်းရေးမှူးမလေး ရဲ့ ဧည့်သည်ရောက်နေတယ်ဆိုတာကြောင့်မျက်ခုံးပင့်သွားရသည်။ သူဆီ ဘယ်သူလာမှာလဲပေါ့။အတွင်းရေးမှူးမလေးပြောတဲ့ အမည်နာမ တစ်ခုကြောင့်သွေးတွေပြောင်းပြန်စီးသွားသလို ထင်မှတ်လိုက်ရသည်။ *မုန့်ယောင်* ဆ်ိုတာ အတိတ်က ကျွန်တော့်အပေါ် သစ္စာဖောက်သွားတဲ့ ချစ်ဦးသူ။လေးတွဲသောခြေလှမ်းတွေ နဲ့ အခန်းထဲ ၀င်လာလိုက်သည်။
{A/N ဒီနေရာမှာ မုန့်ယောင်ကို လန်ရှီးချန်ရဲ့ ရည်းစားဦး လုပ်ပေးထားတာကို သဘောမကျရင်နားလည်ကြပါလို့စ်။}
ရှီးချန်- အားယောင်
ကျွန်တော့်ခေါ်သံကြောင့်လှည့်ကြည့်လာတဲ့ အားယောင်။ သူ့မူပိုင်ပါးချိုင့်လေးတွေပေါ်တဲ့ အပြုံးလေးနဲ့။ အရင်တိုင်းဘဲ ဘာမှ မပြောင်းလဲသေးဘူး။
မုန့်ယောင်- ရှီးချန်Ge မင်္ဂလာပါ။
ရှီးချန်- Inn ။ ဘယ်တုန်းက ပြန်ရောက်လာတာလဲ။
မုန့်ယောင်- ၂ ပတ်လောက်ရှိပြီ။ ရှီးချန်Ge က အရင်လိုဘဲချောပြီး ခန့်ညားတုန်း
ရှီးချန်- အဟင်း ဒါနဲ့ မင်ဂျွယ်ရော
မုန့်ယောင်- ကျွန်တော်တို့ လမ်းခွဲ လိုက်ကြပြီ Ge။
ရှီးချန်- အာာ Sorryနော်။
မုန့်ယောင်- ရပါတယ်။
နှစ်ယောက်စလုံး ဘာဆက်ပြောလို့ပြောရမှန်းလဲ မသိတော့ဘူး။ တိတ်ဆိတ်ခြင်းသာ စိုးမိုးလို့နေသည်။
ရှီးချန်- အခု ပြန်လာတာ ဆိုတော့ ဘယ်မှာနေလဲ။ အလုပ်ရော ဘာလုပ်နေလဲ။
မုန့်ယောင်- မားခေါင်းချခဲ့တဲ့နေရာမှာဘဲနေတယ်။ အလုပ်ကတော့ ရှာနေတုန်း။ အခုမှ China ကို ပြန်လာတာဆိုတော့ ဘာလုပ်ရမှန်းမသိသေးဘူး။ ဟီးး
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanfictionနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...