အခုဆိုဝေ့၀ူရှန့်တစ်ယောက်ဇာတ်ကားရိုက်နေတာ ၃ လနီးပါးလောက်ရှိပြီ။ အရင်ရက်တွေကဆို ရိုက်ကွင်းကို လန်ကျန့်ရောက်ရောက်လာတော့ ဒါရိုက်တာက အစ Staff သမားတွေ အကုန်အနေကျပ်ခဲ့ရသည်။ Make-up Artist ကိုတောင်Zhang ကုမ္ပဏီ ဘက်က Artist ကို မလိမ်းခိုင်းဘဲမော့ရွှမ်းယွီ ကိုသာ လိမ်းခိုင်းခဲ့သည်။မော့ရွှမ်းယွီ ကိုအမှ မလိမ်းခိုင်းရင်စာချုပ်ဖျက်သိမ်းမယ်လဲပြောရော Zhang CEO မှာအောင့်သက်သက်နဲ့ လက်ခံလိုက်ရသည်။ အင်း အခုရက်ပိုင်း လန်ကျန့်ကို မတွေ့တာ ၂ ပတ်တောင်ရှိတော့မယ်။
မော့ -အစ်ကိုဝေ့ သတင်းကြားပြီးပြီလား။
ဝေ့ - ဘာသတင်းလဲ
မော့ - အစ်ကိုကျန်းလေ လန်ရှီးချန်နဲ့ ချစ်သူတွေ ဆိုတာ။
ဝေ့ -အော်တို့ ကျန်းချန်တောင်.. ဘာ ဘာ ဘယ်သူ့နဲ့
မော့ - CEO လန်ရှီးချန်နဲ့
ဝေ့ - ဝါး ငါ ဇာတ်ကားရိုက်နေတဲ့ ၂လအတွင်းမှာ။
မော့ - အဲ့တာ လန်ဦးဦး က သိသွားပြီးသွေးတတ်လို့ အခုဆေးရုံတင်ထားရတယ်။ Media ကိုလည်း သတင်းမထွက်အောင်ငွေပေးထားရတယ်။
ဝေ့ - ငါနဲ့ တစ်ချိန်လုံး ရှိနေတဲ့ မင်းက ဘယ်လို သိရတာတုန်း။
မော့ - CEOပြောပြတာ။ သူ့ဦးလေးဆေးရုံတတ်နေရလို့ ကိုရီးယားကို သွားခဲ့တာ။ မသွားခင်အစ်ကိုဝေ့ကို ဂရုစိုက်ဖို့ အတန်တန်မှာခဲ့တာ။ အဲ့နေ့ကဆို နားကို အူနေတာဘဲ။
ဝေ့ -အော်
🍊 ဒီ၂ပတ်မှာ လန်ကျန့်က သူ့ဦးလေး ဆီမှာကို။🍊
ရိုက်ကွင်းတာဝန်ခံက ပြန်စမယ်လို့လော်ဆော်တော့ ရိုက်မဲ့နေရာကို ထွက်လာခဲ့သည်။ ဟိုရောက်တော့ ရိုက်ရမဲ့နေရာကရေကန်ထဲမှာ။ ကန်ထဲမှာ မင်းသမီးရေချိုးနေတာကို အမှတ်မထင်မြင်လိုက်ပြီးငေးမောသွားရတဲ့ အခန်း။ ဒါများ ဘာခက်တာမှတ်လို့။ပြောရမဲ့ စကားတွေသေသေချာချာ မှတ်ပြီး စရိုက်ဖို့ ပြင်လိုက်သည်။
YOU ARE READING
အတိတ်ဘ၀က ချစ်ရသူ S1 (Completed) {Uni}
Fanfictionနှစ်တွေ ဘယ်လောက်ကြာကြာ ဘ၀တွေ ဘယ်လောက်ခြားခြား မင်းက ကိုယ့်ရဲ့ အရှင်သခင်ဘဲဝေ့ရင်း။ အရင်ဘ၀မှာ မင်းကို မကာကွယ်နိုင်ခဲ့ပေမယ့်ဒီဘ၀မှာ မင်းကို အစွမ်းကုန်ငါကာကွယ်ပေးသွားမယ်။ ၂၁ ရာစု အတိုင်းလေးရေးသွားပါမယ်။ အတိတ်ဘ၀လေးကို ကြားဖြတ်ထည့...